ဓာတ်ပုံ- Local

လွေးလာဝ်ဇာရ်၊ မတ်လ ၃၀ ရက်၊ စစ်ကိုင်း

အင်အားပြင်းတဲ့ ငလျင်ရဲ့ လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းမှာ ထိခိုက်ပျက်စီးမှုနဲ့ သေဆုံးမှု များနေပြီး ကူညီကယ်ဆယ်ရေးအဖွဲ့တွေ အားနည်းနေတယ်လို့ စစ်ကိုင်းဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်သွားတဲ့ ၇.၇ ပြင်းအားရှိတဲ့ မြေငလျင်ကြောင့် စစ်ကိုင်းမြို့က တိုက်နဲ့ ဆောက်ထားတဲ့နေအိမ်အားလုံးနီးပါး ပြိုကျပြီး အသေအပျောက်လည်း များတယ်လို့ ဆိုပါတယ်။

‌စစ်ကိုင်း ဒေသခံတစ်ဦးက “ထိခိုက်ပျက်စီးမှုကတော့ များတယ်။ တိုက်‌အိမ်တွေ အားလုံးနီးပါး ပြိုကျကုန်တာ။ အောက်ခြေကနေ ဖြတ်ထားသလိုမျိုး ပြိုကျကုန်တာ။ ဒဏ်ရာရသူတွေရော အသေအပျောက်တွေရော များတယ်။ ဖြစ်တဲ့နေ့က သောကြာနေ့ဆိုတော့ ဗလီကျောင်းမှာ ဝတ်ပြုနေတဲ့သူ‌တွေ မနေ့အထိတော့ ထုတ်လို့ရတဲ့ သေဆုံးသူ အယောက် ၁၀၀ ကျော်ပြီ။ ဥပုသ်နေ့လည်းဖြစ်တော့ ဥပုသ်စောင့်နေတဲ့ အဘိုးအဘွားတွေလည်း သေကြေ ဒဏ်ရာရကြတယ်” လို့ ပြောပါတယ်။

ကူညီကယ်ဆယ်ရေးအတွက် စစ်ကိုင်းက လူမှုကူညီရေး‌တွေ ကူညီနေပေမဲ့ ကယ်ဆယ်ရေး မလုံလောက်သေးတဲ့အတွက်​ ပိတ်မိနေတဲ့ အလောင်းတွေ ထုတ်မရလို့ အနံ့ဆိုး ထွက်လာတယ်လို့ အထက်ပါ စစ်ကိုင်းမြို့ခံက ဆက်ပြောပါတယ်။

“ကယ်ဆယ်ရေးကတော့ ဒီစစ်ကိုင်းမှာရှိတဲ့ လူမှုကူညီရေးအသင်းတွေဘဲ လုပ်နေကြတာ။ ပျက်စီးမှုက များပြီး ကယ်ဆယ်ရေးအင်အားက နည်းတယ်။ တိုက်ပြိုတဲ့ အဲအောက်မှာဆိုရင် အနံ့တွေ ထွက်ကုန်ပြီ။ ကျနော် လိုက်ကြည့်ရလောက်ဆို အများကြီးဘဲ ပိတ်မိတာ။ ဆေးရုံမှာလည်း လူနာတွေအပြည့်ဘဲ။ ဆေးရုံထဲတော့ မနေဘူး။ အပြင်ဘက်မှာဘဲ ဆေးကုနေကြတာ”

ဒါ့အပြင် စစ်ကိုင်းမြို့မှာ ကူညီကယ်ဆယ်ရေးအပြင် ကုန်ပစ္စည်းဆိုင်လည်း ပြိုကျခဲ့တာကြောင့် အခြေခံစားသောက်ကုန်နဲ့ ရေသန့်လည်း ပြတ်လပ်နေတဲ့အတွက်‌​ အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။

နိုင်ငံတစ်ဝန်းမှာ ငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၁,၆၄၄ ဦးနဲ့ ဒဏ်ရာရသူ ၃,၄၀၈ ဦး ရှိလာပြီလို့ မနေ့ မတ်လ ၂၉ ရက် ညနေပိုင်းမှာ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။