ပျားကြီး၊ မေလ ၄ ရက်၊ မန္တလေး

မိုးရွာသွန်းမှုကြောင့် မန္တလေး အောင်မြေသာစံမြို့နယ်က ငလျင်ဒဏ်သင့် ၈ ထပ် အဆောက်အဦးတစ်ခု အောက်ဆုံးထပ် မြေကျွံကျမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ မေလ ၄ ရက် မနက်အစောပိုင်းက မိုးရွာသွန်းမှုကြောင့် ၁၅ လမ်း၊ ၈၂ လမ်းနဲ့ ၈၆ လမ်းကြားမှာရှိတဲ့ ၈ ထပ် လူနေအဆောက်အဦးဟာ ညနေ ၄ နာရီခွဲဝန်းကျင်က ကျွံကျမှု ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။

“ဝုန်းဆိုတဲ့အသံနဲ့ လှုပ်သွားတော့ ငလျင်ထပ်လှုပ်တာဆိုပြီး အပြင်ကို ထွက်ပြေးတာ။ အိမ်အပြင်ရောက်မှ အဲဒီအဆောက်အဦး ပြိုကျမှန်း သိတာ။ အဲဒီအဆောက်အဦးက စဖြစ်တုန်းက အနောက်ဖက်ကို စောင်းနေတာ၊ အခုကျ အရှေ့ဖက်ကို ပြန်စောင်းသွားတယ်” လို့ အနီးအနားမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

၈ ထပ် တိုက်ခန်းအဆောက်အဦးဟာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူနေထိုင်လို့ မရတော့တဲ့အထိ ပျက်စီးခဲ့တာကြောင့် တိုက်ခန်းမှာ နေထိုင်သူ အိမ်ထောင်စု ၂၀ ကျော်ဟာ ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်ရပြီး အဆောက်အဦးပိုင်ရှင်ကလည်း လက်ရှိအချိန်ထိ ပြင်ဦးလွင်မြို့မှာ သွားရောက် နေထိုင်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

အဆောက်အဦး ကျွံကျမှုကြောင့် လူထိခိုက်မှု မရှိပေမဲ့ ထပ်မံ ပြိုကျမယ့် အခြေအနေ ရှိနေတာကြောင့် အနီးအနားမှာ ရှိနေတဲ့ ဒေသခံတွေ စိုးရိမ်မှုရှိပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်ဖို့ ပြင်ဆင်နေကြတာကို တွေ့ရပါတယ်။

ဧပြီ ၁၅ ရက်ကလည်း မိုးရွာသွန်းမှုကြောင့် ငလျင်ဒဏ်သင့် အဆောက်အဦး ၂ ခု ပြိုကျမှုတစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။