ဓာတ်ပုံ – မင်းဘူးခရိုင် အမှတ်(၆)တပ်ရင်း

ခိုင်လေး၊ မေလ ၁၆ ရက်၊ မကွေး

‎မကွေးတိုင်းမှာ အခြေစိုက်တပ်စွဲထားတဲ့ NUG လက်အောက်ခံ မင်းဘူးခရိုင်အမှတ် (၆) တပ်ရင်းမှ ရဲဘော်တွေဟာ ရာသီအကူးပြောင်းမှုနဲ့ သောက်သုံးရေ မသန့်ရှင်းမှုကြောင့် အရေပြားရောဂါကို ဆိုးရွားစွာ ခံစားနေရကြောင်း မင်းဘူးခရိုင်အမှတ် (၆) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

‎ရှေ့တန်းရောက် ရဲဘော်တွေထဲက ၁၀၀ ရာခိုင်နှုန်း မှာ ၇၀ ရာခိုင်နှုန်းလောက်က အရေပြားရောဂါကို ဆိုးဆိုးရွားရွားခံစားနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

‎”ရာသီအကူးအပြောင်း၊ ရေမသန့်ရှင်းရာက ဖြစ်တာပါဗျ။ အခက်အခဲကတော့ အနာတွေ အရမ်း ဖြစ်တာများတယ်။ ခြေလက်တွေ ယောင်ပြီးတော့ လမ်းသေချာမလျှောက် နိုင်တဲ့ထိ ဖြစ်တယ်ဗျ” လို့ မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းမှ တာဝန်ရှိသူက ပြောပါတယ်။

‎ဆေးဝါးကုသမှုမှာလည်း လုံလောက်မှုမရှိတာကြောင့် ရဲဘော်တွေရဲ့ အရေပြားရောဂါဟာ ပိုမိုဆိုးရွားလာနိုင်ပြီး ကူးစက်မှုတွေလည်း ပိုများလာနိုင်တယ်လို့ ဆိုပါတယ်။

‎ရဲ‌ဘော်တွေရဲ့ အရေပြားရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ဖို့အတွက် တော်လှန်ပြည်သူ တွေ အနေနဲ့ ဆေးဝါးပစ္စည်းတွေကို ပါဝင်ကူညီပေးကြဖို့ မင်းဘူးခရိုင်အမှတ် (၆) တပ်ရင်း မှ တာဝန်ရှိသူတွေက တိုက်တွန်းပြောဆိုထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။