ဓာတ်ပုံ- CJ

အိုက်ပွီး၊ မေလ ၃ ရက်၊ တမူး

စစ်ကိုင်းတိုင်း တမူး မြို့သိမ်းတိုက်ပွဲသတင်းကြောင့် စစ်ကောင်စီတပ်က စစ်ဘေးရှောင်ရဲ့ နေအိမ်တွေကို ဖြိုဖျက်ပြီး ခြံဝန်းတွေကိုပါ ဘန်ကာအဖြစ် တည်ဆောက်ကာ စစ်ရေး ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တမူးမြို့သိမ်းတိုက်ပွဲအတွက် ဆင်နွှဲဖို့ ဧပြီ ၂၀ ရက်ကစလို့ တမူးမြို့ ကုန်စည်အဝင်အထွက်အားလုံးကို ပိတ်ဆို့ထားပြီးနောက် စစ်တပ်က အခုလို စစ်ရေး ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။

စစ်တပ်က တမူးမြို့မှာ လူနေထိုင်ခြင်း မရှိတဲ့ စစ်ဘေးရှောင်နေအိမ်တွေကို ဖြိုဖျက်ပြီး သစ်၊ ပျဥ်၊ သွပ်တို့ကို ဘန်ကာ၊ ဗုံးခိုကျင်း တည်ဆောက်ရာမှာ အသုံးပြုနေကြတယ်လို့ သိရပါတယ်။

“တမူးမြို့ထဲမှာ လူမနေတဲ့ စစ်ဘေးရှောင်နေအိမ်တွေ အတော်များများ ရှိတယ်။ အဲဒီအိမ်တွေက သစ်တွေ၊ ပျဥ်တွေ၊ သွပ်တွေကို ခွာကြတယ်။ ပြီးရင် သူတို့ဘန်ကာ ဆောက်တဲ့နေရာတွေ ပြန်သုံးကြတယ်။ ချောင်းနက်ကြီး ရပ်ကွက်ဘက်က စစ်ဘေးရှောင်အိမ်တွေဆို အတော်များများ ဖြိုချခံရတယ်” လို့ တမူးမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က မြို့အနှံ့မှာ ဘန်ကာ၊ ဗုံးခိုကျင်း၊ ကတုံးကျင်း တည်ဆောက်ထားပြီး အရပ်သား ခြံဝန်း၊ ဌာနဆိုင်ရာရုံးနဲ့ အများပြည်သူပိုင် နေရာမှာလည်း တည်ဆောက်ထားတယ်လို့ သိရပါတယ်။

“မြို့ထဲက ဘန်ကာတွေဆို ပြည်သူ့ခြံဝန်းတွေပါ တည်ဆောက်ထားတယ်။ လမ်းဆုံ၊ လမ်းခွနေရာတွေမှာဆို ပြည်သူတွေရဲ့ ခြံကို မှီပြီး ဆောက်ကြတယ်။ ပြီးတော့ အစိုးရ ဌာနဆိုင်ရာနေရာတွေ၊ ရုံးတွေမှာလည်း လိုအပ်တာထက် ပိုဆောက်ကြတယ်” လို့ တမူးမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

စစ်တပ်က တမူးမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ မတိုက်ခိုက်နိုင်အောင် တမူးမြို့ မကျစေရေးအတွက် စစ်ရေး ကြိုတင်ပြင်ဆင်မှု ဆက်တိုက် ပြုလုပ်နေသလို တပ်အင်အားလည်း ဖြည့်တင်းနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် တမူးမြို့အဝင်အထွက် ပြုလုပ်လို့ရတဲ့ နေရာအားလုံးကို စစ်တပ်နဲ့ ၎င်းရဲ့ လက်အောက်ခံ ပျူစောထီး၊ နာဂ၊ ရှမ်းနီ၊ ကသည်း စတဲ့ပူးပေါင်းအဖွဲ့နဲ့အတူ လုံခြုံရေး တင်းကြပ်ထားပါတယ်။

မြို့ထဲမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ ဒီရက်ပိုင်းမှာ ခြေရှုပ်နေကြသလို အရပ်သားတွေကိုလည်း မြို့ကနေ စွန့်ခွာပြီး တခြားဒေသဘက် ထွက်ပြေးတိမ်းရှောင်တာ မပြုလုပ်ဖို့ နည်းမျိုးစုံနဲ့ ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။