ဓာတ်ပုံ- တန့်ယန်းမြို့ အရန်မီးသတ်တပ်ဖွဲ့

ပို့လဘား၊ မတ်လ ၁၄ ရက်၊ တန့်ယန်း

ရှမ်းမြောက် တန့်ယန်းမြို့မှာ ကားနဲ့ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်လို့ ကလေးငယ် ၂ ဦး သေဆုံးပြီး တစ်ဦးက ထိခိုကိဒဏ်ရာ ရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဒီနေ့ မတ်လ ‌၁၄ ရက် မနက် ၉ နာရီခန့်က တန့်ယန်းမြို့ ရပ်ကွက် ၆ မှာရှိတဲ့ မိုးဆန်းပန်း ပန့်ဆီဆိုင်အနီးမှာ ကားနဲ့ဆိုင်ကယ်တစ်စီး ယာဉ်တိုက်မှု ဖြစ်တာကြောင့် ဆိုင်ကယ် မောင်းလာတဲ့ သားအမိသုံး‌ဦးထဲမှ အသက် ၁၀ နှစ်နဲ့ ၅ နှစ်အရွယ် ကလေးငယ် ၂ ဦး သေဆုံးပြီး မိခင်က ဒဏ်ရာ ရရှိခဲ့တယ်လို့ တန့်ယန်းမြို့ အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“သားအမိသုံးယောက်က ပွဲကနေ ပြန်လာတာပေါ့နော်။ သူတို့အိမ်တောင် ရောက်နေပြီ။ ထီး မေ့ကျန်ခဲ့လို့ဆိုပြီး ပြန်သွားယူလိုက်တာ။ သူက အရမ်းအမြန်မောင်းလာတာ။ အဲဒီပန့်ဆီဆိုင်‌ရှေ့အရောက်မှာ သူအရှိန်မထိန်းနိုင်ဘဲ အဲဒီသားအမိတွေ တိုက်တာပေါ့နော်။ သူတို့အမေက ခြေထောက် ကျိုးသွားတယ်။ တစ်ယောက်က အဲမှာဘဲ ပွဲချင်းသေသွားတယ်။ တစ်ယောက်ကတော့ ဆေးရုံမှာ သေတယ်”

ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ မိခင်ဖြစ်သူဟာ တန့်ယန်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

လူထုတွေအနေနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို စနစ်တကျ လိုက်နာပေးဖို့ တန့်ယန်းမြို့ အရန်မီးသတ်တပ်ဖွဲ့က တိုက်တွန်းထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။