ဓာတ်ပုံ – CJ

အိုက်ပွီး၊ ဖေဖော်ဝါရီ ၄ ရက်၊ မတူပီ

ချင်းပြည်နယ် မတူပီမြို့နယ် ရွာမန်းကျေးရွာမှာ နယ်မြေအငြင်းပွားမှုကြောင့် ချင်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်တဲ့ မရာလဲန်းကာကွယ်ရေးတပ်- MDF နဲ့ ချင်းကာကွယ်ရေးတပ် (လောက်တူ)တို့ ပစ်ခတ်မှု ဖြစ်ပွားပြီး နှစ်ဘက် အကျအဆုံး ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။

ရွာမန်းရွာမှာ တပ်စွဲထားတဲ့ CDF-Lautu တပ်စခန်းကို MDF က ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်ကစလို့ မဟာမိတ်နဲ့အတူ အင်အား အလုံးရင်းနဲ့ ထိုးစစ်ဆင်ခဲ့ပြီး ဒရုန်း၊ လက်နက်ကြီးကျည်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရွာမန်းရွာဟာ CDF-Lautu ထိန်းချုပ်နယ်မြေထဲက လောက်တူ (ချင်း)လူမျိုး နေထိုင်ကြတဲ့ ကျေးရွာဖြစ်ပေမဲ့ အဲဒီရွာဟာ မရာ (ချင်း)လူမျိုးရဲ့နယ်မြေ ဖြစ်တဲ့အတွက် MDF က အခုလို အင်အားအလုံးရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အခုဖြစ်တဲ့ ပြဿနာဟာ နယ်မြေကိစ္စကြောင့် ဖြစ်တာပါ။ ဘယ်သူ မှန်လဲ မှားလဲဆိုတာ ပြောဖို့ခက်ပေမဲ့ လက်နက်နဲ့ ဖြေရှင်းတာက မ​ဖြစ်သင့်ဘူးပေါ့နော်။ ရွာမန်းရွာဟာ လောက်တူ(ချင်း)တွေ နေထိုင်တဲ့နေရာ ဖြစ်တယ်။ CDF-Lautu ထိန်းချုပ်နယ်မြေလည်း ဖြစ်တယ်။ ပြီးတော့ သူတို့နယ်မြေပေါ့။ တစ်ဖက်မှာလည်း MDF က မရာ(ချင်း) လူမျိုးတွေနယ်မြေ။ သူတို့နယ်မြေမှာ CDF-Lautu စခန်းချတာ မကြိုက်ဘူးပေါ့။ သူတို့နယ်မြေမှာ သူတို့ပဲ နေမယ်။ သူတို့ပဲထိန်းချုပ်မယ် စတဲ့ကိစ္စတွေကြောင့်ဖြစ်တဲ့ပြဿနာတွေပါ။ ပိုဆိုးတာက ပြဿနာကို လက်နက်နဲ့ ဖြေရှင်းကြတာပေါ့” လို့ ချင်းနိုင်ငံရေးသမားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ရွာမန်းရွာမှာ နှစ်ဖက်ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း MDF ရဲ့ ဒရုန်းနဲ့ လက်နက်ကြီးကျည် တိုက်ခိုက်မှုကြောင့် ရွာမန်းရွာက ဘုရားကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ်အများစု ထိခိုက်ပျက်စီးသွားသလို ရွာမန်းရွာအပါအဝင် အနီးအနားမှ ကျေးရွာ ၄ ရွာခန့်က လူထုတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း MDF နဲ့ CDF-Lautu နှစ်ဖက် ရဲဘော် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

“ကျနော် နောက်ဆုံး ကြားသိရတာက CDF-Lautu ဘက်က ရဲဘော် ၅ ယောက်ထက်မနည်း ကျတယ်လို့ ကြားတယ်။ MDF ဘက်ကလည်း ကျဆုံးမှုနဲ့ ထိခိုက်မှု များတယ်ကြားပါတယ်။ အချင်းချင်းတွေ အခုလိုဖြစ်တာ တစ်ကယ်လည်း စိတ်မကောင်းဘူး။ ရဲဘော်တွေ မကျသင့်ဘဲ ကျဆုံးနေရတယ်” လို့ MDF, CDF-Lautu တို့နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

MDF ရဲ့ လောက်တူ(ချင်း)နယ်မြေမှာ အကြိမ်ကြိမ် ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် CDF-Lautu အနေနဲ့ မလွှဲမရှောင်သာလို့ အခုလို ပြန်လည် ပစ်ခတ်ရတာဖြစ်တယ်လို့ CDF-Lautu ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

“ကျနော်တို့က အချင်းချင်းတွေ ဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး လက်နက်နဲ့ ဖြေရှင်းတာကို ရှောင်ခဲ့ပါတယ်။ လက်နက်နဲ့ ဖြေရှင်းတာလည်း လက်မခံသလို ဖြစ်လည်း မဖြစ်သင့်ဘူး။ ဒါပေမဲ့ ကျနော်တို့ဘက်က လုံးဝ ရှောင်လွှဲလို့ မရတဲ့အခြေအနေတစ်ခုမှာ အခုလို ပြန်လည်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ MDF အနေနဲ့ အခုလုပ်ရပ်တွေကို သုံးသပ်ပြီး ရပ်တန်ဖို့ပြောချင်ပါတယ်”

ရွာမန်းရွာမှာ ထိုးစစ်ဆင်တာနဲ့ ပတ်သက်လို့ MDF ကို ရွှေဖီမြေက ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရပါဘူး။

MDF ဟာ ချင်းညီနောင်- CB အဖွဲ့ဝင်ဖြစ်ပြီး CDF-Lautu ဟာ ချင်းလဲန်းကောင်စီ- CC အဖွဲ့ဝင် ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။