ဓာတ်ပုံ- Local (ပစ်ခတ်သူနဲ့ ပစ်ခတ်ခံရသူ)

ပို့လဘား၊ ဇန်နဝါရီ ၁၇ ရက်၊ တန့်ယန်း

ရှမ်းမြောက် တန့်ယန်းမြို့မှာ မိသားစု ပြဿနာ ဖြစ်ရာကနေ ဦးလေးဖြစ်သူက တူလေးကို သေနတ်နဲ့ ပစ်ခတ်လို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်က တန့်ယန်းမြို့ ရပ်ကွက် ၃ မှာ အသက် ၁၆ နှစ်အရွယ် မောင်ရှိန်းရန်နောင်ဟာ အခန်းကို သန့်ရှင်းရေးလုပ်ရာ ၅၈ နှစ်အရွယ်ရှိ ဦးလေးဖြစ်သူ ဦးထွန်းဦးမောင်နဲ့ စကားများ ရန်ဖြစ်ပြီးနောက် လည်ပင်းကို သေနတ်နဲ့ ပစ်ခတ်လိုက်လို့ ဒဏ်ရာ ရရှိခဲ့တာပါ။

“သူတို့က အိမ်နှစ်အိမ် ရှိတယ်။ တစ်အိမ်က သူတို့အဖေနဲ့ နေတယ်။ တစ်အိမ်ကျ သူတို့ဦးလေးတို့နဲ့အတူ ပေါင်းနေတာ။ သူ့အစ်ကိုက မိန်းမ ခိုးလာတော့ သူက သူ့ဦးလေးနေတဲ့ အိမ်ဘက်ကို သူ့အစ်ကို နေဖို့အတွက် အခန်းသန့်ရှင်းရေး သွားလုပ်ပေးနေတယ်။ သူတို့ကို မနေစေချင်လို့ စကားများကြတယ်။ သူ့ကို သေနတ်နဲ့ ချိန်တယ်။ တစ်ခါ ပစ်လိုက်တာ ကျည်ဆံရဲ့အခွံဘဲ ထွက်တယ်။ ပြီးတော့ သူ့အစ်မက သွားတားတယ် သူ့ဦးလေးကို မပစ်နဲ့ဆိုပြီး တောင်းပန်တယ် မရဘူး။ နှစ်ယောက်လုံးကို ပစ်သတ်မယ်ဆိုပြီး သူ့ဦးလေးက ပြောလိုက်တယ်။ ပစ်လိုက်တဲ့အချိန် သူ့တူရဲ့လည်ပင်း ညာဘက်မှာ ပစ်လိုက်တာ”

ဦးလေးဖြစ်သူဟာ ထွက်ပြေးသွားပြီး လက်ရှိအချိန်ထိ ရဲတပ်ဖွဲ့ဘက်က ရှာဖွေနေဆဲဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်မှာလည်း အမည်မသိ အမျိုးသားတစ်ဦးက တန့်ယန်းမြို့ ရပ်ကွက် ၉ မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ဖြစ်စဉ် ရှိခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။