ဓာတ်ပုံ- Local

လွေးထွေး၊ မေလ ၁၁ ရက်၊ နမ့်ခမ်း

ရှမ်းမြောက် နမ့်ခမ်းမြို့နယ် လွယ်ချပ်အုပ်စုမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ များလာပြီး စားဝတ်နေရေးအတွက် အသက်မပြည့်သေးတဲ့ ကလေးတွေဟာ ပြည်ပဘက် အလုပ် ထွက်လုပ်နေရကြပါတယ်။

လွယ်ချပ်အုပ်စု ဆောရမ်၊ ပန်လုံ‌၊ အော်ကား၊ ဖတ်မုံ စတဲ့ကျေးရွာမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ များလာသလို အိမ်တွင်းအကြမ်းဖက်မှုပြဿနာလည်း ကြုံနေရကြောင်း ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

အရင်နှစ်တွေကတည်းက မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ရှိခဲ့ပေမဲ့ ဒီနှစ်မှာ မူးယစ်ဆေးရောင်းသူ ပိုများလာတာကြောင့် သုံးစွဲတာတွေ ပိုများလာတယ်လို့ ဆိုပါတယ်။

ဒေသခံတစ်ဦးက “ရွာက ရွှေလီမြစ်ဟိုဘက်ကမ်းဆိုတော့လေ။ ရွာအနီးအနားမှာ ကချင်တပ်ရှိတယ် စစ်တပ်လည်းရှိတယ်။ TNLA လည်း စစ်ကောက်တယ်။ မူးယစ်ဆေးဝါးတော့ ဘယ်သူမှ အရေးတယူ လုပ်ပေးတာ မရှိဘူး။ ရွာတိုင်းက ပျက်စီးကုန်ကြပြီ” လို့ ပြောပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲသူတွေဟာ ကျေးရွာတစ်ရွာရဲ့ ၃ ပုံ ၂ ပုံလောက် ရှိနေပြီး အမျိုးသားအပြင် အမျိုးသမီးတွေလည်း သုံးစွဲလာကြတယ်လို့ သူက ဆက်ပြောပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် မိသားစုအတွင်း အိမ်တွင်းအကြမ်းဖက်မှု၊ ကျေးရွာအတွင်း လူမှုရေးပြဿနာနဲ့ အသက်မပြည့်သေးတဲ့ ကလေးတွေက ကျောင်းမတက်နိုင်တော့ဘဲ စားဝတ်နေရေးအတွက် တရုတ်ပြည်ဘက် အလုပ် သွားလုပ်နေကြရတယ်လို့ ဆိုပါတယ်။

နောက်ထပ် ဒေသခံတစ်ဦးက “တအာင်းကျေးရွာတွေဘဲဖြစ်လို့ ဒီကိစ္စကတော့ တအာင်းတပ်နဲ့ သက်ဆိုင်တယ်လို့ထင်တယ်။ ဒီထက်ပိုပြီး ဆိုးရွားလာရင် သူခိုး၊ ဓားပြတွေ ပေါလာရင် လူထုတွေ ပိုဒုက္ခရောက်ကြမှာ စိုးရိမ်တယ်။ လူသားအရင်းအမြစ်တွေလည်း ဆုံးရှုံးရအုံးမယ်” လို့ ပြောပါတယ်။

တအာင်းတပ်မတော်က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မြို့နယ်တွေမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်နေပေမဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သူသုံးစွဲသူ ဆက်လက် မြှင့်တက်‌နေဆဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။