ဓာတ်ပုံ – The Kokang

မိုင်းအရှိုင်း၊ ဇူလိုင် ၂၉ ရက်၊ သိန္နီ

ကိုးကန့်တပ် – MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့ကနေ MNDAA က ပစ္စည်းအပြောင်းအရွှေ့တွေလုပ်နေပြီး ပြန်ဆုတ်ဖို့ လုပ်ဆောင်နေတယ်လို့ သိန္နီဒေသခံတစ်ဦးက ရွှေဖီ​မြေကို ပြောပါတယ်။

“ပစ္စည်းသယ်သွားတာတော့ ဒီနေ့ (ဇူလိုင် ၂၉ ရက်) ပဲ။ ဘယ်လိုပစ္စည်းတွေလဲတော့မသိဘူး။ ရေခဲပေါက်ကားတွေနဲ့ ကိုးကန့်တွေသယ်သွားတာ ကွတ်ခိုင်ဘက်ကို”

သိန္နီမြို့ ကိုးကန့်တပ်တွေ ပြန်ဆုတ်ခွာမယ်လို့ သတင်းတွေ ဆက်တိုက်ကြားနေရသလို ဒီနေ့ ဇူလိုင် ၂၉ ရက်မှာ ကားအစီးရေ ၆ စီးဝန်းကျင်နဲ့ ကွတ်ခိုင်ဘက်သို့ ပစ္စည်းအပြောင်းအရွှေ့တွေလုပ်တာ တွေ့ရတယ်လို့ဆိုပါတယ်။

အချို့သတင်းဌာနတွေမှာတော့ ကိုးကန့်တပ်ဘက်က ကွတ်ခိုင်ကနေ တားမိုးညဲ၊ သိန္နီကနေ ကွမ်းလုံဘက်ကို ပစ္စည်းတွေပြောင်းရွှေ့နေတယ်လို့ ရေးသားနေကြပါတယ်။

ပြန်ဆုတ်ခွာတော့မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အချိန်မှာပဲ သိန္နီဈေးဟောင်းအနီးမှာ MNDAA က ဆေးရုံဆောက်ဖို့ ပြင်ဆင်နေတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

“ဆေးရုံဆောက်ဖို့က သေချာသလောက်ဖြစ်တယ်။ ဘာလို့လဲဆိုတော့ သူတို့ အခမ်းအနားတောင်လုပ်နေပြီ။ အခမ်းအနားကို ဒေသခံတွေကိုတော့ မဖိတ်ဘူး။ တရုတ်တွေများတယ်။ ဘာလဲတော့မသိဘူး။ ဆောက်လည်းမဆောက်ရသေးဘူး။ ဆောက်ဖို့ပွဲတော့ လုပ်နေတယ်”

ဒီနေ့ ဇူလိုင် ၂၉ ရက်မှာပဲ ဆေးရုံဆောက်ဖို့ အုတ်မြစ်ချအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ကိုးကန့်က ထုတ်ပြန်ခဲ့ပါတယ်။

သိန္နီမြို့ကို ညီနောင်မဟာမိတ်သုံးဖွဲ့ ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းမှာ MNDAA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ စစ်ကောင်စီထံ လျော်ကြေးရယူပြီး ပြန်ဆုတ်ခွာမယ်ဆိုတဲ့ သတင်းတွေ ပြန့်နှံ့လျက်ရှိနေပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။