ဓာတ်ပုံ- CJ

ပို့လဘား၊ ဧပြီ ၃၀ ရက်၊ နမ့်ခမ်း

ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မန်စပ်ကျေးရွာအုပ်စု မန်စပ်ရွာမှာ ဆီလီကွန်ကျောက် တူးဖော်မှုကို ဒေသခံတွေ ကန့်ကွက်ပေမဲ့ ဆက်လက် တူးဖော်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်က မန်စပ်ရွာမှာ ဆီလီကွန်ကျောက် တူးဖော်မှုကို ဒေသခံတွေက ကန့်ကွက်ခဲ့ပေမဲ့ မြန်မာရွှေသီးနှံကုမ္ပဏီဘက်က လုပ်ငန်းရပ်နားတာမရှိဘဲ နေ့စဉ်‌ ကျောက်တွေ သယ်ယူနေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့လုပ်ငန်းကတော့ အခုချိန်ထိလည်ပတ်နေတုန်းပါပဲ။ ရပ်နားတာလဲ မရှိဘူး။ အဲဒီကုမ္ပဏီနဲ့ အုပ်ချုပ်ရေးမှူးတို့ လက်မှတ် ထိုးပြီးနောက်မှာ သူတို့ကျောက်တင်ကားတွေနဲ့ သယ်ယူနေကြတာ။ အဲနေ့က ၃ စီး၊ ၄ စီးလား မသိဘူး သူတို့သယ်သွားတာ”

မြန်မာရွှေသီးနှံကုမ္ပဏီနဲ့ကျေးရွာအုပ်ချုပ်ရေးမှူးက ဒေသခံတွေနဲ့ ဆွေးနွေးတိုင်ပင်ထားတာမရှိဘဲ သတ္တုတူးဖော်ရေး စီမံကိန်းကို ဆက်လက် တူး‌ဖော်ဖို့ ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်မှာ နှစ်ဦးသဘောတူညီချက်စာချုပ်ကို လက်မှတ် ရေးထိုးခဲ့တာလို့ ပြောပါတယ်။

မြန်မာရွှေသီးနှံကုမ္ပဏီဟာ မန်စပ်ရွာအတွက် ဘာမှလုပ်ပေးတာမရှိဘဲ ကျောက်ကိုသာ အလွန်အကျွံ တူးဖော်နေကြတယ်လို့ ‌နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

“ရွာထဲမှာ ကျောက်ရောမြေလမ်း ခင်းပေးမယ်လို့တော့ ပြောတယ်။ ဒေသခံတွေက အဲကိစ္စနဲ့ပတ်သက်ပြီး သဘောမတူဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ သူတို့လက်မှတ်ထိုးတဲ့အချိန် ဒေသခံတွေရဲ့ဆန္ဒမှ မပါတာ။ သူတို့လုပ်ချင်ရာပဲ လုပ်နေတော့လေ”

မန်စပ်ရွာမှာရှိတဲ့ ကော်မတီအဖွဲ့ဝင်နဲ့ ဒေသခံတွေက ဆီလီကွန်ကျောက် ဆက်လက် တူးဖော်တာ ရပ်တန့်ပေးဖို့ ကုမ္ပဏီထံ အကြိမ်ကြိမ် စာပေးပို့ခဲ့ပေမဲ့ ကုမ္ပဏီဘက်က ဒေသခံတွေရဲ့ တောင်းဆိုချက်ကို လာရောက် ဖြေရှင်းပေးတာ မရှိခဲ့ဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ ကုမ္ပဏီရဲ့ လုပ်ငန်းလိုင်စင်သက်တမ်းကုန်ဆုံးခဲ့ပေမဲ့ ကုမ္ပဏီက လုပ်ငန်း ရပ်ဆိုင်းတာမရှိဘဲ ဆီလီကွန်ကျောက်ကို အလွန်အကျွံ ထုတ်ယူပြီး တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။