ဓာတ်ပုံ- Local

မြတ်နိုး၊ ဧပြီ ၁၉ ရက်၊ ပူတာအို

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာမှာ ဧပြီ ၁၆ ရက်ကနေ မနေ့ ၁၈ ရက်အထိ တောရိုင်းဆင်တစ်ကောင် သောင်းကျန်းလို့ သေဆုံးသူ ဒေသခံ ၅ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“မနေ့ ဧပြီလ ၁၈ ရက်နေ့ကလည်း နောက်ထပ်တစ်ယောက် သတ်ခံရတယ် ပြောတယ်။ အခုက အဲဒီဆင် သောင်းကျန်းလို့ ဆင် အသတ်ခံရတဲ့သူက ၅ ယောက်တောင် ရှိသွားပြီလေ။ မနေ့ကအထိ အဲဒီဆင်ကို မ‌သတ်နိုင်သေးဘူး” လို့ ဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။

ဆင် နင်းခံရပြီး သေဆုံးသွားသူတွေဟာ လူပြားတဲ့အထိ နင်းခံခဲ့ကြရတယ်လို့ ဆိုပါတယ်။

“မူလာဒီရွာခံတွေ ဖက်ရွက် ရှာကြရင်း ဆင်တစ်ကောင်နဲ့ တွေ့ရာကနေ နင်းသတ်ခံရတာ။ တစ်ယောက်က ကြောက်လို့ ဆုံးသွားတာ။ ကျန်တာတော့ နင်းခံရတာ” လို့ နောက်ထပ် ဒေသခံတ‌‌စ်ဦးက ပြောပါတယ်။

ဧပြီ ၁၆ ရက်က အမျိုးသမီးတစ်ဦး၊ ၁၇ ရက်နေ့က အမျိုးသမီး ၂ ဦး နင်းသတ်ခံရဝာာဖြစ်ပြီး မိခင်တစ်ဦးကတော့ ကြောက်လန့်ပြီး သေဆုံးသွားတာလို့ ဆိုပါတယ်။

အဲဒီ သောင်းကျန်းနေတဲ့ဆင်ကို သတ်ပေးဖို့ နယ်မြေခံ လက်နက်ကိုင်တွေကို အကူအညီတောင်းထားပေမဲ့ လက်ရှိအထိ ကူညီဖြေရှင်းပေးတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။