ဓာတ်ပုံ- Local

မိုင်းရူပ၊ မတ်လ ၂၈ ရက်၊ နန်းပန်

ရှမ်းတောင် ညောင်ရွှေမြို့နယ် နန်းပန်မြို့မှာ ငလျင်ဘေးကြောင့် သေဆုံးသူ ၃၇ ဦးအထိ ရှိလာပြီး အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ ကယ်ဆယ်ရေး လုပ်ပေးနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ မတ်လ ၂၈ ရက် ညနေ ၅ နာရီခွဲအထိ ရရှိထားတဲ့ စာရင်းအရ ကလေးငယ်အပါအဝင် သေဆုံးသူ ၃၆ ဦးအထိ ရှိနေပြီး နေအိမ်အများစုလည်း ပျက်စီးသွားတာကြောင့် အရေးပေါ်အကူအညီ လိုအပ်နေပါတယ်။

“သေတဲ့သူက ၃၆ ယောက်ရှိပြီ။ ဒီတစ်ခါ အဆိုးဆုံးပဲ။ ရွာတွေ ခပ်များများမှာ အိမ်တွေ တော်တော်များများ ပျက်စီးသွားတယ်။ အခုလောလောဆယ် နန်းပန်ဈေးထဲက ဆိုင်ခန်းတွေမှာ နေ နေကြတယ်။ အကူအညီတော့ လာတာ မရှိသေးဘူး” လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

သေဆုံးသူတွေရဲ့ အလောင်းကို နန်းပန်ဆေးရုံမှာ လာရောက် ပို့ဆောင်တာရှိသလို တချို့ကိုတော့ မီးသဂြိုလ်ဖို့ ပြင်ဆင်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ဒီနေ့လယ် ၁ နာရီဝန်းကျင်ကစပြီး နိုင်ငံတဝန်းမှာ ငလျင်လှုတ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ရာနဲ့ချီ ရှိနေပြီးတော့ နေအိမ်အပါအဝင် ဘာသာရေးအဆောက်အအုံတွေလည်း ပျက်စီးခဲ့ပြီး အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။

ငလျင်ကြောင့် ထိခိုက်မှုများတဲ့ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းနဲ့ နေပြည်တော်ကောင်စီနယ်မြေကို စစ်ကောင်စီရဲ့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။

ဒါ့အပြင် ငလျင်လှုပ်ခတ်ပြီး နောက်ထပ် ၆ နာရီအတွင်း ငလျင်ငယ် ဆက်လက် လှုပ်လာနိုင်တာကြောင့် လူထုတွေအနေနဲ့ ဘေးလွတ်ရာ တိမ်းရှောင်ကြဖို့ စစ်ကောင်စီက တိုက်တွန်းထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။