ဓာတ်ပုံ- Local

မိုင်းရူပ၊ မတ်လ ၃၁ ရက်၊ ညောင်ရွှေ

ရှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ ငလျင်ကြောင့် သေဆုံးသူ ၉၀ နီးပါး ရှိလာပြီး နေအိမ်ပေါင်း ၂ ထောင်ကျော်လည်း ပျက်စီးခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး- PYO ရဲ့ စာရင်းအရ သိရပါတယ်။

ငလျင်ဘေးကြောင့် ရေပေါ်က ကျေးရွာတွေမှာ ထိခိုက်သေဆုံးမှု များပြီး မနေ့ မတ်လ ၃၀ ရက်အထိ PYO က ရရှိထားတဲ့ စာရင်းအရ သေဆုံးသူ ၈၉ ဦးနဲ့ နေအိမ်ပေါင်း ၂,၃၃၇ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

နေအိမ်တွေ ပျက်စီးသွားတာကြောင့် ဒေသခံတွေဟာ နန်းပန်မြို့ပေါ်ရှိ နောင်ကန်ဘုန်းကြီးကျောင်းအပါအဝင် နီးစပ်ရာနေရာတွေမှာ နေထိုင်ကြရပြီး အကူအညီ လိုအပ်နေတယ်လို့ အင်းလေးဒေသမှာ ကူညီကယ်ဆယ်ရေး လုပ်ပေးနေတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ကြာတော၊ ကေလာ၊ ဇရပ်ကြီး၊ သလဲဦးအင်းက အဆိုးဆုံးပဲ။ ရွာအလိုက် ပျက်ကုန်တာ။ ၄ ရွာပေါင်းရင် ပျက်စီးတဲ့အိမ်က ၁ ထောင်ကျော်တယ်။ လာကူပေးတဲ့အဖွဲ့တွေတော့ ရှိတယ်။ လုံလောက်မှုတော့ မရှိဘူး”

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က မန္တလေးမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ပြင်းအား ၇.၇ အဆင့်ရှိပြီး မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းနဲ့ ရှမ်းတောင်မှာ သေဆုံး ဒဏ်ရာရသူ များခဲ့ပါတယ်။

မနေ့ မတ်လ ၃၀ ရက်အထိ DVB သတင်းဌာနက ရရှိထားတဲ့ စာရင်းအရ ငလျင်ဒဏ်ကြောင့် နိုင်ငံတဝန်းမှာ သေဆုံးသူ ၂ ထောင်ကျော် ရှိနေပြီ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ မတ်လ ၃၀ ရက်အထိ နိုင်ငံတစ်ဝန်းမှာ ငလျင်ကြောင့် ထိခိုက်သေဆုံးသူ ၁,၇၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၃,၄၀၀ ကျော် ရှိကြောင်း စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။