ရဲမာန်၊ ဩဂုတ် ၁၈ ရက်၊ မော်ချီး
မနေ့ ဩဂုတ် ၁၇ ရက် ကရင်နီပြည် ဖားဆောင်းမြို့နယ် မော်ချီးဒေသကို စစ်တပ်က လေကြောင်းနဲ့ ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၃၇ ဦးအထိ ရှိလာပါတယ်။
မော်ချီးဒေသ ၁၆ ကုန်းရပ်ကွက်ကို လေကြောင်းနဲ့ တိုက်ခိုက်ရာ ကလေး ၅ ဦးအပါအဝင် သေဆုံးသူ ၃၇ ဦးအထိ တိုးလာခဲ့တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“သေဆုံးမှုကတော့ အတိအကျ မပြောနိုင်သေးဘူး။ ဒဏ်ရာ ရတဲ့သူတွေရဲ့ အခြေအနေ စောင့်ကြည့်ရမယ်”
ပြီးခဲ့တဲ့ ဇွန်လကနေ မနေ့ ဩဂုတ် ၁၇ ရက်အထိ စစ်တပ်က မော်ချီးဒေသကို လေကြောင်းနဲ့ ၆ ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅၆ ဦး သေဆုံးပြီး ၄၉ ဦး ဒဏ်ရာ ရရှိခဲ့ပြီ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။