ဓာတ်ပုံ – CNF

အိုက်ပွီး၊ မတ်လ ၁၈ ရက်

လာမယ့် မတ်လ ၂၀ ရက်နေ့မှာ ကျရောက်မယ့် ချင်းတော်လှန်ရေးနေ့အတွက် ချင်းအမျိုးသားတပ်ဦး (CNF/CNA) က အကျဥ်းကျနေတဲ့ အကျဥ်းသား (၇၂) ဦးကို ပြန်လွတ်ပေးကြောင်း ဒီနေ့ မတ်လ ၁၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

CNF/CNA ပြန်လွတ်ပေးတဲ့ အကျဥ်းသားတွေထဲမှာ အကြောင်းမျိုးမျိုးကြောင့် အကျဥ်းကျခံနေရတဲ့ CNA ရဲဘော်တွေ၊ အရပ်သားတွေ၊ တိုက်ပွဲတွင်း ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

“အရင်ကတော့ လွတ်ပေးတာ မရှိပါဘူး။ ဒါ ပထမအကြိမ် အကျဥ်းသားတွေ လွတ်ပေးတာဖြစ်ပါတယ်။ CNF/CNA ဟာ နိုင်ငံတကာ စစ်ဥပဒေနဲ့အညီ သွားနေတာဖြစ်တဲ့အတွက် အခုလို အကျဥ်းသားတွေကို လွတ်ငြိမ်းခွင့်ပေးတာဖြစ်ပါတယ်” လို့ အမည်မဖော်လိုတဲ့ CNA အရာရှိတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

CNF ကို ၁၉၈၈ ခုနှစ် မတ်လ၂၀ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး အာဏာရှစ်စနစ်မှန်သမျှ အမြစ်ပြတ်ချေမှုန်းရေး၊ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

CNF အနေနဲ့ ၂၀၂၅ ခုနှစ် နိုင်ငံရေး၊ စစ်ရေးနဲ့ သံရေးတမန်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုကြောင့် ပြည်သူလူထု ဆုံးရှုံးခဲ့တဲ့ လူမှုဘဝ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာအစိုးရ၊ အဖွဲ့အစည်းတွေနဲ့ စေတနာရှင်တွေ ပံ့ပိုးကူညီပေးဖို့ တိုက်တွန်းထားပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလ နှစ်လအတွင်း ချင်းပြည်အစိုးရ (CC) လက်အောက်ခံ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ရဲ့ စခန်းတချို့ကို သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးခန့်ကို ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်သုံ့ပန်း ၂၀ ဦးနဲ့ လက်နက်မျိုးစုံ ၈၀ ကျော်ကိုလည်း ဖမ်းဆီးသိမ်းဆည်းရမိပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။