ဓာတ်ပုံ- Local

‎ခိုင်လေး၊ မေလ ၁၂ ရက်၊ ဖလမ်း

‎ချင်းပြည်နယ် ဖလမ်း မြို့သိမ်းတိုက်ပွဲမှာ ခြေလက်ဆုံးရှုံးသွားတဲ့ ရဲဘော်တွေကို ခြေတုလက်တု တပ်ဆင်ပေးနိုင်ဖို့ ငွေကြေးအကူအညီ လိုအပ်နေကြောင်း ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့- CNO/ CNDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း တင်မီထွဋ်က ရွှေဖီမြေကို ပြောပါတယ်။

မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးမှာ ဒဏ်ရာရရှိသူများပြီး အဲဒီထဲမှာမှ ခြေပြတ်တဲ့သူ ၂၆ ယောက်၊ လက်ပြတ်သူ ၆ ယောက်၊ နားမကြားတော့သူ ၂ ယောက်၊ မျက်စိ မမြင်တော့သူ ၈ ယောက်ရှိပြီး ခေါင်း ထိခိုက်တဲ့သူ ၂ ယောက်ဟာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

‎”တချို့ကတော့ သက်သာပြီပေါ့လေ။ ခြေလက် ပြတ်တဲ့သူတွေကို ခြေတုလက်တု နားမကြားတဲ့သူတွေကို နားကြပ်ပေါ့လေ။ အဲလိုမျိုး တပ်ဆင်‌ပေးနိုင်ဖို့ ကျနော်တို့ဘက်က ပြင်ဆင်နေတဲ့အချိန်ဖြစ်တယ်။ အားလုံး ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁ သိန်း ၁ သောင်း ၃ ထောင် အဲလောက်တော့ တွက်ထားတာ ရှိပါတယ်။ အသက်အရွယ်ပိုင်းက ၂၀၊ ၂၅ ဝန်းကျင်တွေပါ”

‎CNO/CNDF အနေနဲ့ ငွေကြေးကို အကန့်အသတ်နဲ့သာ သုံးစွဲရတာကြောင့် ခြေတုလက်တု တပ်ဆင်ပေးနိုင်ဖို့ အချိန်ကာလတစ်ခု စောင့်ဆိုင်းနေရလို့ လူထုတွေအနေနဲ့ ကူညီထောက်ပံ့ပေးဖို့အတွက် CNO/CNDF ဘက်က မေတ္တာရပ်ခံထားပါတယ်။

‎ဒဏ်ရာရသူတွေဟာ ပြည်တွင်းမှာ ဆေးကုသမှု ခံယူဖို့ ခက်ခဲတာကြောင့် ပြည်ပနိုင်ငံဘက် သွားရောက်ပြီး ဆေးကုသမှု ခံယူတဲ့အခါ သူတို့အတွက် ဘာသာစကား အခက်အခဲ အနည်းငယ် ရှိတယ်လို့ ဆိုပါတယ်။

‎မျက်စိ ထိခိုက်တဲ့သူတွေကို မျက်မမြင်ကျောင်း ပို့ပေးကာ ၎င်းတို့အတွက် အသက်မွေးဝမ်းကြောင်းကိုတော့ ကျောင်းဘက်က ပြန်လည်ပို့ချပေးတာ ရှိတယ်လို့ ဆိုပါတယ်။

‎”မျက်စိ ထိတဲ့သူတွေကိုတော့ မျက်မမြင်ကျောင်း ပြန်ထားပေးတယ်။ ခြေလက် ပြတ်တဲ့သူတွေကိုတော့ ခြေတုလက်တုတွေ တပ်ပေးတယ်။ အဲထဲကတချို့လည်း ကျနော်တို့ဆီ နိုင်ရာအလုပ်တွေနဲ့ လာပြီး တာဝန်ပြန်ထမ်းဆောင်တာတော့ ရှိတယ်”

‎လူထုတွေအနေနဲ့ ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားတဲ့ ရဲဘော်တွေကို ကူညီလိုရင် CNO/CNDF သို့ ဆက်သွယ်ပြီး မေးမြန်းနိုင်ပါတယ်။

‎ဖလမ်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်ကစ CNO/CNDF ပါဝင်တဲ့ ချင်းညီနောင်နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ၅ လအကြာ ၂၀၂၅ ခုနှစ် ဧပြီ ၉ ရက်မှာ ဖလမ်းမြို့နယ်တစ်ခုလုံးကို ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။

ဂန့်ဂေါမြို့နယ်မှာ ကလေး ၄ ဦးအပါအဝင် အရပ်သား ၁၁ ဦးကို စစ်ကောင်စီက ဖမ်းစီးသတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လယ်မကျေးရွာမှာ စစ်ကောင်စီက ကလေး ၄ ဦးအပါအဝင် အရပ်သား ၁၁ ဦးကို သတ်ဖြတ်ပြီး ၁၃ ဦးကို ဖမ်းစီးထားတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။