ရွှေဖီမြေ၊ နိုဝင်ဘာ ၈ ရက်
ချင်းပြည်နယ် တီးတိန်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသမီး ၁ ဦးအပါအဝင် ပြည်သူ ၁၄ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ချင်းညီနောင်တပ်ဖွဲ့က မနေ့ နိုဝင်ဘာ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်ကစပြီး အင်အား ၄၀၀ ခန့်ရှိ စစ်ကောင်စီတပ်က ဒေသခံလူထုတချို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ပြီး တီးတိန်မြို့ကနေ ကလေးလမ်းပိုင်းကို ဦးတည်စစ်ကြောင်းထိုးလာတာကြောင့် ချင်းညီနောင်တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ ချင်းညီနောင်တပ်ဖွဲ့တို့အကြား ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်ကနေ နိုဝင်ဘာ ၆ ရက်အထိ နေ့စဥ်တိုက်ပွဲခဲ့ပြီး နိုင်ဝင်ဘာ ၆ ရက်မှာ စစ်ကောင်စီတပ် လူသားဒိုင်းအဖြစ် ဖမ်းဆီးအဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသမီး ၁ ဦးအပါအဝင် ဒေသခံလူထု ၁၄ ဦးကို ကင်တင်နိုင်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတချို့နဲ့ စစ်သုံ့ပန်းတချို့လည်း ဖမ်းဆီးမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။