ဓာတ်ပုံ – CIC

ခိုင်လေး၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ဟားခါး

ချင်းပြည်နယ် ဟားခါး-ထန်တလန်ကြား ခြေကုပ်ယူထားတဲ့ ပွိုင့် ၃ စခန်းမှ စစ်မှုထမ်းဥပဒေကြောင့် တပ်သားသစ်အဖြစ် ဖမ်းဆီးစုဆောင်းခံထားရတဲ့ စစ်သား ၄ ဦးဟာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့အတူ ချင်းအမျိုးသားတပ်မတော်- CNF/CNA ထံ အလင်းဝင်ရောက်ခဲ့တယ်လို့ Chinland Information Center က ဖေဖော်ဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်က CNA ထံ လက်နက် ၃ လက်၊ ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်လာတာဖြစ်ပြီး CNA ဘက်က လက်နက် ၁ လက်ကို သိန်း ၅၀ ကျပ် ဆုငွေ ချီးမြှင့်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Chinland Information Center မှ တာဝန်ရှိသူတစ်ဦးက “အခု ၄ ယောက်ကတော့ တစ်ပြိုင်တည်း ဝင်လာတာပါ။ လက်ရှိမှာတော့ သူတို့ကို စခန်းမှာပဲ နေခိုင်းပြီး သူတို့သဘောအရ နယ်စပ်ဘက်ကို ပို့ရင်လဲ ပို့မှာပါ။ စခန်းအတွင်းမှာပဲ ကူညီနိုင်တာ ရှိရင်လဲ သူတို့သဘောအရ ကူညီပြီး နေခိုင်းမှာပါ” လို့ ပြောပါတယ်။

ဒီနေ့အထိ CNA ထံ အလင်းဝင်လာတာ အယောက် ၉၀ ကျော်အထိ ရှိလာပြီး ဝင်လာတဲ့သူတွေကို ပုံမှန်အားဖြင့်တော့ India နယ်စပ်ဘက် ပို့ဆောင်ပေးတာ ရှိတယ်လို့ ဆိုပါတယ်။

“ကျနော်တို့က အတင်းအဓမ္မ တပ်ထဲ ထည့်ခံရတာဖြစ်တယ်။ အိမ်အထိ လာပြီး ခေါ်တာပါ။ တစ်ယောက်ကတော့ ဆိုင်ကယ် Accident ဖြစ်ရာကနေ စစ်မှုမထမ်းမနေရ ဉပဒေကြောင့် စစ်တပ်ထဲ အသွင်းခံရတာဖြစ်တယ်” ဆိုပြီး အလင်းဝင်လာသူတစ်ဦးက ပြောပါတယ်။

စစ်သင်တန်းကို ၂ လကျော်သာ တက်ခိုင်းကာ သေနတ်တစ်ချက်မှ မပစ်ရသေးဘဲ ရှေ့တန်း ပို့ခံရတာလို့ ဆိုပါတယ်။

ဟားခါးအနီး ပွိုင့် ၃ စခန်းမှာ ၎င်းတို့လို အယောက် ၁၀၀ နီးပါး ရှိနေပြီး အားလုံးက ထွက်ပြေးချင်နေပေမဲ့ စစ်တပ်ဘက်မှ အမျိုးမျိုး ခြိမ်းခြောက်တဲ့အတွက် ထွက်မပြေးရဲကြဘူးလို့ CIC မှ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ဟားခါးနဲ့ ထန်တလန်မြို့ကြားက စစ်ကောင်စီတပ်စခန်းတွေကို CNA ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၈ ရက်မှာ သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

စစ်တပ်ဘက်ကလည်း ၎င်းတို့ လက်လွှတ်ထားရတဲ့ ဟားခါး-ထန်တလန်ကြားက တပ်စခန်းတွေကို ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေလည်း ရှိနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။