ဓာတ်ပုံ – CIC

ခိုင်လေး၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ဟားခါး

ချင်းပြည်နယ် ဟားခါး-ထန်တလန်ကြား ခြေကုပ်ယူထားတဲ့ ပွိုင့် ၃ စခန်းမှ စစ်မှုထမ်းဥပဒေကြောင့် တပ်သားသစ်အဖြစ် ဖမ်းဆီးစုဆောင်းခံထားရတဲ့ စစ်သား ၄ ဦးဟာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့အတူ ချင်းအမျိုးသားတပ်မတော်- CNF/CNA ထံ အလင်းဝင်ရောက်ခဲ့တယ်လို့ Chinland Information Center က ဖေဖော်ဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်က CNA ထံ လက်နက် ၃ လက်၊ ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်လာတာဖြစ်ပြီး CNA ဘက်က လက်နက် ၁ လက်ကို သိန်း ၅၀ ကျပ် ဆုငွေ ချီးမြှင့်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Chinland Information Center မှ တာဝန်ရှိသူတစ်ဦးက “အခု ၄ ယောက်ကတော့ တစ်ပြိုင်တည်း ဝင်လာတာပါ။ လက်ရှိမှာတော့ သူတို့ကို စခန်းမှာပဲ နေခိုင်းပြီး သူတို့သဘောအရ နယ်စပ်ဘက်ကို ပို့ရင်လဲ ပို့မှာပါ။ စခန်းအတွင်းမှာပဲ ကူညီနိုင်တာ ရှိရင်လဲ သူတို့သဘောအရ ကူညီပြီး နေခိုင်းမှာပါ” လို့ ပြောပါတယ်။

ဒီနေ့အထိ CNA ထံ အလင်းဝင်လာတာ အယောက် ၉၀ ကျော်အထိ ရှိလာပြီး ဝင်လာတဲ့သူတွေကို ပုံမှန်အားဖြင့်တော့ India နယ်စပ်ဘက် ပို့ဆောင်ပေးတာ ရှိတယ်လို့ ဆိုပါတယ်။

“ကျနော်တို့က အတင်းအဓမ္မ တပ်ထဲ ထည့်ခံရတာဖြစ်တယ်။ အိမ်အထိ လာပြီး ခေါ်တာပါ။ တစ်ယောက်ကတော့ ဆိုင်ကယ် Accident ဖြစ်ရာကနေ စစ်မှုမထမ်းမနေရ ဉပဒေကြောင့် စစ်တပ်ထဲ အသွင်းခံရတာဖြစ်တယ်” ဆိုပြီး အလင်းဝင်လာသူတစ်ဦးက ပြောပါတယ်။

စစ်သင်တန်းကို ၂ လကျော်သာ တက်ခိုင်းကာ သေနတ်တစ်ချက်မှ မပစ်ရသေးဘဲ ရှေ့တန်း ပို့ခံရတာလို့ ဆိုပါတယ်။

ဟားခါးအနီး ပွိုင့် ၃ စခန်းမှာ ၎င်းတို့လို အယောက် ၁၀၀ နီးပါး ရှိနေပြီး အားလုံးက ထွက်ပြေးချင်နေပေမဲ့ စစ်တပ်ဘက်မှ အမျိုးမျိုး ခြိမ်းခြောက်တဲ့အတွက် ထွက်မပြေးရဲကြဘူးလို့ CIC မှ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ဟားခါးနဲ့ ထန်တလန်မြို့ကြားက စစ်ကောင်စီတပ်စခန်းတွေကို CNA ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၈ ရက်မှာ သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

စစ်တပ်ဘက်ကလည်း ၎င်းတို့ လက်လွှတ်ထားရတဲ့ ဟားခါး-ထန်တလန်ကြားက တပ်စခန်းတွေကို ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေလည်း ရှိနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။