ရွှေဖီမြေ၊ အောက်တိုဘာ ၅ ရက်၊ ရွှေဘို

စစ်ကိုင်းတိုင်း ရွှေဘို-မန္တလေးလမ်းဘေးရှိ တဂဏန်းကျေးရွာမှာ အင်အား ၆၀ ခန့်နဲ့ စစ်‌ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပကဖက ဒီနေ့ အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက် မနက် ၅ နာရီခွဲနဲ့ ၉ နာရီခွဲမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ တပ်ကြပ်ကြီး စံထွေးအပါအဝင် ၇ ဦး သေဆုံးပြီးတော့ ၁၀ ဦး ဒဏ်ရာ ရရှိခဲ့တဲ့အပြင် ၄ ဦးကိုလည်း အရှင်ဖမ်းမိနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ရဲ့ MA-3 ၁ လက်၊ MA-1 ၁ လက်၊ ၆၀ မမ ပြောင်းတို ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျောလွယ်ဂျမ်မာ ၁ စုံ၊ ၆၀ မမ ဗုံးသီး ၂ လုံး၊ အာပီဂျီ ဗုံးသီး ၂ လုံးနဲ့ (၅.၅၆)ကျည် ၁၂၉ တောင့်ကို သိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေးတပ်ဘက်ကလည်း ၂ ဦး ကျဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲကို ရွှေဘိုမြို့နယ် တိုက်နယ် ၅ ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ တောဗိုလ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Northern Tiger Group ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ နယ်မြေခံ ပကဖအဖွဲ့နဲ့ ရွှေဘိုခရိုင် ညီနောင်တပ်ရင်း (၁၅၊ ၁၈၊ ၂၃၊ ၂၆၊ ၉၇၀၆၊ Together We Can)နဲ့ နယ်မြေခံ ရွှေဘိုခရိုင် တပ်ရင်း(၄)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲ ဖြစ်ပွားနေချိန်အတွင်း ရွှေဘိုမြို့ ကညနရုံးနဲ့ အမှတ် ၂ ထောက်ပို့တပ်ကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ကူပေးခဲ့တာ‌ကြောင့် ရွှေဘိုမြို့ မဟာအောင်မြေ ဘုန်းကြီးကျောင်းအတွင်း ဗုံးသီး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကိုရင် ၄ ပါး ပျံလွန်တော်မူခဲ့ပြီး ဘုန်းကြီး ၇ ပါးလည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။