မိုင်းအရှိုင်း၊ စက်တင်ဘာ ၂၀ ရက်၊ မိုးကုတ်
တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို ထိုးစစ်ဆင်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ဆက်ပြီးတော့ ထိုးနေတုန်းပဲ။ ဒါပေမယ့် အများကြီး ထိုးလာတာမျိုးတော့ မဟုတ်သေးဘူး။ ဒီဖက်က ဒရုန်းပိုသုံးတော့ သူတို့ကြောက်တာပေါ့” လို့ ဆိုပါတယ်။
ဒီနေ့ စက်တင်ဘာလ ၂၀ ရက် နေ့လည်ပိုင်းမှာတော့ စစ်ကောင်စီတပ်ဖက် ထိခိုက်မှု ရှိတာကြောင့်က အသေခံဒရုန်းနဲ့ ဂျက်ဖိုက်တာကို အသုံးပြုပြီး TNLA တပ်ဖွဲ့ရှိရာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
“မနေ့ညက သူတို့ အိပ်တဲ့အိမ်ကို ဗုံးသီး ၂ လုံးပဲ သွားချတာ။ အတော်နာသွားပုံရတယ်။ ဒီနေ့ အသေခံဒရုန်းရော ဂျက်ရော လာချသွားတာ။ တစ်ယောက်မှမထိလို့ တော်သေးတယ်” လို့ သူက ဆက်ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ မိုးကုတ်ကို ဦးတည်ပြီး ထိုးတက်လာတာက ကျောက်မဲမြို့မကျရေးကို ခုခံနေတဲ့ TNLA တပ်ကို အင်အားလျော့ကျအောင် စစ်ဗျူဟာ ကစားခြင်းသာဖြစ်တယ်လို့ စစ်ရေးကျွမ်းကျင်သူတချို့က သုံးသပ်ပြောဆိုပါတယ်။
ဒါပေမယ့် စစ်ကောင်စီတပ် ရောက်ရှိနေတဲ့ ရတနာသိင်္ဂီအနီး မိုးကုတ်လမ်းမကြီးဖက်ကို နောင်ချိုကနေ စစ်ကူပို့လို့ရသလို ပြင်ဦးလွင်ကနေလည်း စစ်ကူပေးပို့နိုင်တဲ့ နေရာဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။