ဓာတ်ပုံ- CJ

မြတ်နိုး၊ ဧပြီ ၁၁ ရက်၊ အင်းတော်ကြီး

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးအနီး ဆနွင်းကုန်းကျေးရွာအုပ်စု နန့်မွန်းစုစည်းရွာနဲ့ အင်းသာရွာဘက် ဒီနေ့ ဧပြီ ၁၁ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်၊ ရှမ်းနီပူးပေါင်းတပ်နဲ့ KIA, PDF လှည့်ကင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က ၅ ဦး သေဆုံးခဲ့ကြောင်း KIA ရှေ့တန်း အသိုင်းအဝိုင်းဆီက သိရပါတယ်။

“နန့်မွန်းရွာအနီး မနက် ၄ နာရီကနေ မနက် ၈ နာရီအထိ တိုက်ပွဲ ဖြစ်တယ်။ အင်းသာရွာဘက်မှာလည်း ရှမ်းနီ ပြည်သူ့စစ်တပ်ဖွဲ့ စစ်ကြောင်း ထိုးလာလို့ တိုက်ပွဲ ဖြစ်တာ” လို့ ရှေ့တန်း သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

စစ်တပ်နဲ့ ရှမ်းနီ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ဘက်က ၅ ဦး သေဆုံးပြီး လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ သူက ပြောပါတယ်။

“တိုက်ပွဲ ၂ ကြိမ် ဖြစ်ခဲ့တယ်။ စစ်ကောင်စီနဲ့ ရှမ်းနီ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ ဆုတ်ခွာသွားတယ်။ ရန်သူ့အလောင်း ၅ လောင်းနဲ့ လက်နက် ၃ လက် သိမ်းပိုက်ရရှိတယ်” လို့ နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

KIA တပ်မဟာ ၉၊ တပ်ရင်း ၂၆ နယ်မြေဖြစ်တဲ့ ဆနွင်းကုန်းကျေးရွာအုပ်စုဘက် စစ်ကြောင်း ထိုးလာတဲ့ စစ်တပ်နဲ့ ရှမ်းနီ ပြည်သူ့စစ် ပူးပေါင်းတပ်နဲ့ KIA, PDF ပူးပေါင်းတပ်ဖွဲ့တို့ မနက် ၃ နာရီခွဲခန့်က ထိပ်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ သူက ရှင်းပြပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ဒီနေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်က လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အပြင် ဒုံးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၇ ရက် ညပိုင်းက စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်ရှိ ကသာခရိုင် အင်းတော်မြို့က စစ်ကောင်စီရဲ့ ဂျပန် လှိုဏ်ဂူစခန်းကို KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။