ဓာတ်ပုံ- TB News

အိုက်ပွီး၊ ဧပြီ ၂၈ ရက်

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာလူမျိုးအတွက် သီးခြားလွတ်လပ်တဲ့ ပြည်နယ်တစ်ခု ပေါ်ပေါက်လာဖို့ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ် အင်အားကြီးပါတီနှစ်ခု ဆွေးနွေးခဲ့တယ်လို့ မနေ့ ဧပြီ ၂၇ ရက်က ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေမှာ ဖော်ပြနေပါတယ်။

မနေ့ ဧပြီ ၂၇ ရက် တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်း ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာစဥ် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အင်အားကြီးနိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ Jammat-e-Islami ပါတီတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီဆွေးနွေးမှုမှာ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး Jammat-e-Islami ပါတီ ဒုဥက္ကဌ ဆိုင်ယက်ဒ် အဗ္ဗဒူလ္လာဟ် မိုဟာမက် တာဟေရ်က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆိုင်ယက်ဒ် အဗ္ဗဒူလ္လာဟ် မိုဟာမက် တာဟေရ်က “တရုတ်နိုင်ငံဟာ မြန်မာ့နိုင်ငံအရေး အလွန်ကြီးမားတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်” လို့ သူက ပြောဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ရိုဟင်ဂျာဒုက္ခသည် ၁ သန်းကျော်ကို လက်ခံထားပြီး သူတို့တွေဟာ နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာ အကူအညီ ထောက်ပံ့ရုံနဲ့ မပြေလည်နိုင်သေးဘူးလို့ သတင်းထောက်တွေ မေးမြန်းရာမှာ ဆိုင်ယက်ဒ် အဗ္ဗဒူလ္လာဟ် မိုဟာမက် တာဟေရ်က ပြောဆိုခဲ့ပါတယ်။

ဆက်လက်ပြီး ဆိုင်ယက်ဒ် အဗ္ဗဒူလ္လာဟ် မိုဟာမက် တာဟေရ်က “ရိုဟင်ဂျာလူမျိုးတွေဟာ လူသား မဆန်တဲ့ ဘဝတွေကို ဖြတ်သန်းနေရပါတယ်” လို့ မီဒီယာတွေကို ဖြေကြားထားပါတယ်။

ဒါကြောင့် ရိုဟင်ဂျာလူမျိုးအတွက် ကိုယ်ပိုင်နယ်မြေအဖြစ် ရခိုင်မြောက်ပိုင်းအတွင်း သတ်မှတ်ပြီး သီးခြားလွတ်လပ်တဲ့ နယ်မြေအတွင်း ရိုဟင်ဂျာလူမျိုးတွေကို ပြန်လည် နေရာချပေးဖို့ ပြောဆိုထားပါတယ်။

“ရိုဟင်ဂျာအရေး ဖြေရှင်းဖို့အတွက် ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး၊ နေထိုင်နိုင်ရေးတို့အတွက် ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာအတွက် “ဘေးကင်းဇုံ”တစ်ခု ရှိရမယ်” လို့ ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ခေါင်းဆောင် ပါမောက္ခ မိုဟာမက် ယူနွတ်စ်ကလည်း ဆိုပါတယ်။

“ရိုဟင်ဂျာလူမျိုး မူလနေရပ်ဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ အမြန်ဆုံး ပြန်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် စစ်တပ်က ပြောဆိုလျက် ရှိနေပါတယ်။ ဒါကြောင့် ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးအတွက် နည်းလမ်းမျိုးစုံကနေ ကြိုးပမ်းဆောင်ရွက်သွားမယ်” လို့ Jammat-e-Islami ပါတီ ဒုဥက္ကဌက ဆိုပါတယ်။

Jammat-e-Islami ပါတီဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူထုထောက်ခံမှု အများဆုံးနဲ့ အင်အားအကြီးဆုံး ပါတီတစ်ခုလည်း ဖြစ်ပါတယ်။

လက်ရှိ စစ်တွေမြို့ကလွှဲပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်အားလုံးကို အာရက္ခတပ်တော်- AA က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။