ဓာတ်ပုံ – CDF Hakha၊ Local

အလင်း၊ ဖေဖော်ဝါရီ ၂၁ ရက်၊ ဟားခါး

ချင်းပြည်နယ်မြို့တော် ဟားခါးမှာ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် တက်ရောက်တဲ့ ချင်းအမျိုးသားနေ့ အခမ်းအနား ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး အရေးပေါ် ထွက်ပြေးခဲ့ရတယ်လို့ ချင်းကာကွယ်ရေးတပ်(ဟားခါး)က ဖေဖော်ဝါရီ ၂၀ ရက်နေ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ ဦးဆောင်ပြီး မနေ့ ဖေဖော်ဝါရီ ၂၀ ရက် နေ့မှာ ဟားခါးမြို့ရှိ မြို့နယ်နဲ့ ခရိုင်စုပေါင်းရုံးရှေ့မှာ ကျင်းပပြုလုပ်တဲ့ (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အပါအဝင် အရာရှိကြီး ၁၇ ဦး တက်ရောက်ခဲ့ပါတယ်။

အဲဒီစစ်ကောင်စီ ကျင်းပတဲ့ အခမ်းအနားကို CDF-Hakha က FPV Suicide Drone တွေကို အသုံးပြု၍ အခမ်းအနားကျင်းပရာ နေရာကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုကြောင့် ကျင်းပနေတဲ့ အခမ်းအနားမှာ မရှုမလှ ပျက်စီးသွားခဲ့ပြီး သုံးရက်ကြာ နေထိုင်ဖို့ စီစဉ်ထားတဲ့ ဗိုလ်ချုပ်ကြီး ရာပြည့်ဟာ အစီစဉ်တွေအားလုံး ဖျက်သိမ်းကာ ချင်းပြည်နယ်အတွင်းမှ အရေးပေါ် ပြန်လည်ထွက်ခွါသွားခဲ့ရပါတယ်။

“စုပေါင်းရုံးမှာ ကျင်းပတဲ့ ချင်းအမျိုးသားနေ့ တိုက်ခိုက်ခံရတာ နေ့လယ်လောက်မှာပါ။ ထိခိုက်မှုတော့ မကြားမိဘူး။ အရာရှိတွေက ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရပြီးနောက် ထွက်ပြေးနေရတယ်။ ပြည်ထောင်စုအဆင့် တက်ရောက်တဲ့သူတွေက ညနေပိုင်းလေယာဥ်နဲ့ချက်ချင်း ဟားခါးကနေ ထွက်ခွာကြတယ်။ ပွဲက ဆက်ကျင်းပနေသလိုပါပဲ။ စစ်တပ်နဲ့ မလွတ်မကင်းတဲ့သူတွေပဲ တက်ရောက်ကြတာ။”လို့ ဟားခါးမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

အခမ်းအနားကို စစ်ကောင်စီတပ်ရဲ့ လက်အောက်ခံ NonCDM ဝန်ထမ်းတွေအပြင် ဝန်ကြီး ဦးကောလ်လျန်ထန်းနဲ့ ဆက်နွှယ်နေတဲ့ တင်ဒါအခွင့်ထူးခံ ကုမ္ပဏီ ၄၂ ခုမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

“နောက်နောင်လည်း စစ်ကောင်စီရဲ့ လုပ်ငန်းလည်ပတ်မှုမှာ ကျောထောက် နောက်ခံပြုနေတဲ့ မည်သူမဆိုကို စစ်ရေးအရ ထိရောက်စွာ ဆက်လက်အရေးယူ ဆောင်ရွက်သွားမယ်” လို့ CDF-Hakha က ပြင်းထန်စွာ သတိပေးထားပါတယ်။

စစ်ကောင်စီတပ် ကျင်းပတဲ့ ချင်းအမျိုးသားနေ့ဟာ ချင်းပြည်သူလူထုရဲ့ သမိုင်းဂုဏ်သိက္ခာနဲ့ ကိုယ်ပိုင်အခွင့်ရေးတွေကို ဖျက်ဆီးချိုးဖောက်နေတဲ့ လုပ်ရပ်သာဖြစ်တယ်လို့ CDF-Hakha က ဖေဖော်ဝါရီ ၁၇ ရက်နေ့က ထုတ်ပြန်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။