ဓာတ်ပုံ – CJ

အိုက်ပွီး၊ အောက်တိုဘာ ၁၆ ရက်၊ ဟားခါး

ချင်းပြည်နယ် ဟားခါးမြို့က ပြည်နယ်ရဲစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက စီးနင်းပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကာ အချုပ်သား ၁၅ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

လုံခြုံရေးအများပြား တင်းကျပ်ထားတဲ့ ဟားခါးမြို့က ပြည်နယ်ရဲစခန်းကို ဒီနေ့ အောက်တိုဘာ ၁၆ ရက် မနက် ၃ နာရီခန့်မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့ပြီး တစ်နာရီခွဲကြာထိ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

“ကျနော်တို့ ရဲစခန်း ဝင်စီးတာ မနက် ၃ နာရီလောက်မှာ ဖြစ်တယ်။ မနက် ၄ နာရီခွဲလောက်မှာ ပစ်ခတ်မှုရပ်ပြီး တပ်ပြန်ဆုတ်တယ်။ တစ်နာရီခွဲလောက် ပစ်ခတ်မှုဖြစ်တယ်။” လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

အဲဒီ ပစ်ခတ်မှုမှာ စစ်ကောင်စီတပ်ဘက်က ၆ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရကာ လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်နယ်ရဲစခန်းမှာ အချုပ်ကျနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ဦးအပါအဝင် အချုပ်သား ၁၅ ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

“တိုက်ပွဲအပြီးမှာ အချုပ်သား ၁၅ ဦးကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။ အဲထဲမှာ တော်လှန်ရေး ရဲဘော် ၅ ယောက်လည်းပါတယ်။ တခြားအချုပ်သားတွေက နိုင်ငံရေးအကျဥ်းသားတွေပါမပါ လောဆယ် မသိရသေးဘူး။” လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဒီနေ့မနက် တိုက်ပွဲမှာ ချင်းကာကွယ်ရေးတပ် (ဟားခါး) ရဲဘော်တစ်ဦး ကျဆုံးခဲ့ပါတယ်။

စစ်ကောင်စီက ဒီနေ့မနက်ကစပြီး ဟားခါးမြို့အနီးအနား ကျေးရွာတွေမှာ လက်နက်ကြီးကျည်တွေ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။