ဓာတ်ပုံ- Nay Zaw Tun

‎ခိုင်လေး၊ ဧပြီ ၂ ရက်၊ သီပေါ

‎တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့မှာ မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ကြီးကြောင့် နေအိမ်‌ ထိခိုက်ပျက်စီးသွားတဲ့ ဒေသခံတွေကို လူမှုရေးအဖွဲ့များမှ လှူဒါန်းထားတဲ့ ငွေတွေအသုံးပြုပြီး နှလုံးသား ပရဟိတအဖွဲ့က‌ ၎င်းတို့ကိုယ်စား သွားရောက် လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

‎မီးလောင်ပျက်စီးသွားတဲ့ အိမ်တစ်အိမ်ကို ၄ သိန်းကျော် (၄၃၇,၀၀၀ ကျပ်) ထောက်ပံ့ပေးတာလို့ နှလုံးသား ပရဟိတအဖွဲ့ခေါင်းဆောင် ကိုနေဇော်ထွန်းက ရွှေဖီမြေကို ပြောပါတယ်။

‎”သွားလှူတဲ့နေရာတွေက တုံစင့်၊ ဇာတ်စု၊ နားမှုံ ကျောင်းစု။ အခုလည်း အဲနေရာတွေထဲမှ ထောက်ပံ့မှု မရသေးတဲ့သူတွေကို လှူတာပါ။ အရင်က တစ်အိမ်ထောင်ကို ၃ သိန်း ၁ သောင်း ထောက်ပံ့‌ပေးတာ ရှိတယ်။ အခုတစ်ခေါက် လှူမှာက အိမ်ခြေ ၂၀၀ ပါ။ ၈ အိမ် လှူပြီးပြီ”

‎နားမှုံရွာက အိမ်ထောင်စု ၈ ခုကို ဒီနေ့ ဧပြီ ၂ ရက်မှာ လှူဒါန်းပေးခဲ့တာဖြစ်ပြီး ကျန်ရှိနေသေးတဲ့ တုံစင့်ရွာနဲ့ မြို့ပေါ် ရပ်ကွက်တချို့မှ နေအိမ် ပျက်စီးသွားတဲ့ ဒေသခံတွေအတွက် သိန်း ၈၀၀ ကျော် အသုံးပြုသွားမှာလို့ ဆိုပါတယ်။

လက်နက်ကြီး‌ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ နေအိမ်တွေကိုလည်း ၂ ကြိမ် ငွေသေား ထောက်ပံ့ပေးတာ ရှိတယ်လို့ ဆိုပါတယ်။

မြို့သိမ်းတိုက်ပွဲအတွင်း ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်အရေအတွက် အတိအကျကို မသိရပေမဲ့ ထိခိုက်ပျက်စီးတာတွေတော့ အများစု ရှိခဲ့ပါတယ်။

‎သီပေါမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း PSLF/TNLA က ၂ လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် မြို့ကို ထိန်းချုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။