ဓာတ်ပုံ – CDF မင်းတပ်

ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ မင်းတပ်

ချင်းပြည်နယ် မင်းတပ်မြို့ထဲ နေထိုင်တဲ့ ဒေသခံတွေ လက်နက်ခဲယမ်းနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ကိုင်ဆောင်ထားတာရှိရင် နီးစပ်ရာ တပ်ရင်းတပ်ဖွဲ့တွေထံ လာရောက်အပ်နှံဖို့ ချင်းကာကွယ်ရေးတပ် (မင်းတပ်) က မနေ့ ဖေဖော်ဝါရီ ၂၅ ရက်မှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

မင်းတပ် မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်သားတွေဆီက ရရှိထားတဲ့ လက်နက်ခဲယမ်း ဒါမှမဟုတ် တစ်ခြားတစ်နည်းနည်းနဲ့ ရရှိထားတဲ့ လက်နက်ခဲယမ်းကို လာမယ့် မတ်လ ၁၅ ရက် နောက်ဆုံးထားပြီး နီးစပ်ရာ တပ်ရင်းတွေဆီ အပ်နှံရမယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် လာရောက် အပ်နှံတဲ့ လက်နက်ခဲယမ်းတွေဟာ ဝယ်ယူထားကြောင်း ခိုင်လုံမှုရှိတယ်ဆိုရင် လာရောက် အပ်နှံသူတွေကို သတ်မှတ်ထားတဲ့ တန်ဖိုးအတိုင်း ဆုကြေးငွေ ပြန်လည် ပေးအပ်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဒေသခံတွေအနေနဲ့ သတ်မှတ်ထားတဲ့ရက်ထက် ကျော်လွန်ပြီး လက်နက်ခဲယမ်း ကိုင်ဆောင်တာ၊ လက်ဝယ် ထားရှိတာနဲ့ ရောင်းဝယ်ဖောက်ကားတာတွေလုပ်ရင် ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မင်းတပ်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်မှာ CDF မင်းတပ် ပါဝင်တဲ့ ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ် ပူးပေါင်းအဖွဲ့တွေက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ဒေသခံတွေကို မြို့တွင်း ပြန်လည် ဝင်ရောက်နေထိုင်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း CDF မင်းတပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။