ပုံစာ- ကျဆုံးသွားတဲ့ CDF ဟားခါး ရဲဘော်

အိုက်ပွီး၊ နိုဝင်ဘာ ၇ ရက်၊ ဟားခါး

ချင်းပြည်နယ် ဟားခါးမြို့နယ် Loklung ကျေးရွာရှိ ချင်းကာကွယ်ရေးတပ် (ဟားခါး)ဂိတ်ကို စစ်ကောင်စီတပ်က တိုက်ခိုက်တာကြောင့် CDF ဟားခါး ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ ဒေသခံတွေဆီက သိရပါတယ်။

Loklung ရွာရှိ CDF-Hakha လုံခြုံရေးဂိတ်ကို နိုဝင်ဘာ ၅ ရက် ညနေ ၅ နာရီခွဲခန့်မှာ ဟားခါးမြို့ ခလရ ၂၆၆ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

“ဟားခါးမြို့ကနေ စစ်ကောင်စီ စစ်ကြောင်းထိုးပြီး အလစ်အငိုက် တိုက်ခိုက်သွားတာပါ။ ပစ်ခတ်မှု ဖြစ်တာက ခဏလေးပါပဲ။ ပြီးရင် စစ်ကောင်စီဘက်က တပ်ပြန်ဆုတ်သွားတယ်” လို့ ဖြစ်စဉ်သိရှိသူ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ပစ်ခတ်မှုကြောင့် CDF ဟားခါးဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်မှုမရှိဘဲ ဟားခါးမြို့ဘက် တပ်ပြန်ဆုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Loklung ရွာဟာ ဟားခါး-မတူပီ ကားလမ်းပေါ်မှာရှိပြီး ဟားခါးမြို့နဲ့ ၉ မိုင်သာ ဝေးပြီးတော့ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ရွာခံတွေဟာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

“ဒီနေ့(နိုဝင်ဘာ ၆ ရက်)မနက်တော့ ပစ်ခတ်မှု မရှိတော့ပါဘူး။ ရွာသားတွေက မနေ့ည(နိုဝင်ဘာ ၅ ရက်)ကတည်းက အကုန်ထွက်ပြေးကြတယ်။ အခု ပစ်ခံရတဲ့နေရာက ဟားခါးမြို့နဲ့ နီးတယ်။ အဲဒါကြောင့် တိုက်ခိုက်ခံရတဲ့သဘောပါ” လို့ ဖြစ်စဉ်သိရှိသူ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

စစ်တပ်ဟာ ဒီရက်ပိုင်းမှာ မြို့အနီးအနားကျေးရွာတွေမှာ စစ်ကြောင်း ထိုးတာ၊ ဒရုန်းနဲ့ ကင်းထောက်တာတွေ လုပ်ဆောင်နေသလို မြို့ထဲမှာလည်း လုံခြုံရေး တင်းကြပ်ထားတယ်လို့ သိရပါတယ်။

ဟားခါးမြို့ဟာ စစ်တပ် ထိန်းချုပ်ထားတဲ့မြို့ဖြစ်သလို လာမယ့် ဒီဇင်ဘာလမှာ စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပမယ်လို့လည်း ကြေညာထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။