ဓာတ်ပုံ – CDF-Hakha

အိုက်ပွီး၊ ဇူလိုင်လ ၁၀ ရက်၊ ဟားခါး

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းမှာ ယင်းမာပင်ခရိုင်၊ အမှတ် (၁၅) တပ်ရင်းမှူး ထောက်ခံချက်နဲ့ ရဲဘော် ၃ ဦးတို့ သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါးတွေကို ချင်းကာကွယ်တပ်-ဟားခါးက ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Hilux 9K-1693 ကား နဲ့ ကိုစိုးသူ ပိုင်ဆိုင်တဲ့ 1J- 6011 Forland ကားတွေနဲ့ ဖလမ်းမြို့နယ်၊ ဗားရ်တံတားသို့ သယ်ဆောင်လာတဲ့ မူးယစ်းဆေးဝါး ဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်းဆေးဝါးတွေဟာ နံပတ်ဖိုး ဘိန်းဖြူ ၁၁၀ ကီလိုဂရမ်၊ စိတ်ကြွဆေးပြား ၃သန်းခန့်၊ မောင်းပြန်သေနတ် ၂လက်၊ mini starlink ၂ ခုနှင့်အတူ တော်လှန်ရေး ရဲဘော် ၃ ဦး၊ ယာဉ်မောင်း ၁ ဦး နှင့် စပယ်ယာ ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။

“ကျတော်တို့ ​စလင်းကြီးမြို့နယ်ထဲကနေ သယ်လာတာပါ။ ငွေသာရွာအနားကပါ။ သူတို့ အဆောက်အဦးလေးတွေ ရှိတယ်။ လူနေတဲ့ အဆောက်အဦးရယ်၊ အဲဒီပစ္စည်းတွေထားတဲ့ အဆောက်အဦးရယ်၊ အဲဒါတွေက အဖွဲ့အစည်းဟာပါ။ သူတို့ အဖွဲ့အစည်းကဟာလို့ ပြောပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေ နေပါတယ်။ ကျနော်တို့ကို ပြောတာက ယင်းမာပင်တပ်ရင်း ၁၅ လို့ပဲ ပြောပြထားပါတယ်။”လို့ CDF-Hakha ထုတ်ပြန်တဲ့ ရုပ်သံဖိုင်မှာ ကားသမား ကိုကျော်ဟိန်းက ပြောထားပါတယ်။

ဒါ့အပြင် ယင်းမာပင်ခရိုင် တပ်ရင်း ၁၅ မှ ရဲဘော်မှ ကိုဇော်နောင်ကမူကလည်း တပ်ခွဲမှူး ကိုပုတီးထံမှ သယ်ဆောင်လာတာဖြစ်ပြီး ချင်းပြည်နယ်ကို မူးယစ်ဆေးဝါး သယ်ဆောင်လာတာ ၄ ကြိမ်ရှိပြီလို့ ရုပ်သံဖိုင်မှာ ပြောဆိုထားပါတယ်။

ဖမ်းဆီးခံရသူထဲက ကျန်တစ်ဦးမှာ အမှတ် ၁ စစ်ဒေသ၊ ပခုက္ကူခရိုင် တပ်ရင်း ၁၀ က ရဲဘော် အာကာဖြိုးဖြစ်တို့ဖြစ်ပြီး ဖမ်းဆီးရမိသူတွေကို တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ CDF-Hakha က ထုတ်ပြန်ထားပါတယ်။

မူးယစ်းဆေးဝါး သယ်ယူပို့ဆောင်ရေးမှာ တာဝန်ခံဖြစ်တဲ့ မောင်ဇော်လတ် (အမည်ရင်း ဦးဝင်းမော်) နဲ့ ကိုပုတီး (အမည်ရင်း ဦးကျော်မင်းဇော်) တို့ဟာ ထွက်ပြေး တိမ်းရှောင်သွားခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မနေ့ ဇူလိုင်လ ၉ ရက်မှာ CDF-Hakha က ဖမ်းဆီးရမိတဲ့ မူးယစ်းဆေးဝါးတရားခံတွေရှေ့မှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။