ဓာတ်ပုံ – CDF Asho

ခိုင်လေး၊ ဖေဖော်ဝါရီ ၂၇ ရက်၊ ငဖဲ

မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေး တပ်စခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂၃ ဦးကို ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho)က လက်နက်ခဲယမ်း‌နဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ CDF Asho မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ရိုချင်းက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကနေ ၂၆ ရက်နေ့အထိ ၃ ရက်တာအတွင်း စခန်းစွန့်ခွာပြီး ထွက်ပြေးလာတဲ့ စစ်သားတွေကို နတ်ရေကန် ဆက်သွယ်ရေး တာဝါတိုင်ရဲ့ မြောက်ဘက် မီတာ ၂ ထောင်ခန့်အကွာက တောတွင်းတစ်နေရာမှာ CDF Asho တပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

CDF Asho မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ရိုချင်းက “အရင်က ဖမ်းမိတာတွေရော အခုဖမ်းမိနေတာရော နောက်ဖမ်းမိမယ်ဆိုရင် သူတို့ကို နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းစစ်ဆေးတာတွေ ရှိတယ်။ လက်ရှိလည်း စစ်ဆေးမေးမြန်းတာတွေ ရှိတယ်” လို့ ပြောပါတယ်။

စစ်သုံ့ပန်းတွေနဲ့အတူ MA 1 သေနတ် ၁၃ လက်၊ MA 2 ၁ လက်၊ MA 3 ၃ လက်၊ MA-11 ၂ လက်၊ MA 5 ၁ လက် စုစုပေါင်း လက်နက်ငယ် ၂၀ လက်၊ လက်ပစ်မိုင်း ၁၈ လုံး၊ EY သီး ၁၂ လုံး၊ ကျည်အတောင့် ၄ ထောင်ကျော်နဲ့ အခြားစစ်အသုံးအဆောင် ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ် ကာကင်းစခန်းတွေကို အာရက္ခတပ်တော်- AA က ထိုးစစ်ဆင် တိုက်ခိုက်‌‌နေတာကြောင့်‌ နတ်ရေကန်ဒေသအနီးတစ်ဝိုက် တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီ တပ်သား‌တွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့နဲ့ ချိတ်ဆက်ပြီး အမြန်ဆုံး အလင်းဝင် ပူးပေါင်းကြဖို့ ချင်းကာကွယ်ရေးတပ်-အရှိုက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်က နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်ကနေ လက်နက်ခဲယမ်း သယ်ဆောင်လာတဲ့ စစ်တပ် ယာဉ်တန်း ၄ စီးကို CDF-Asho ကကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ စစ်သား ၇ ဦး သေဆုံးခဲ့ပြီး လက်နက်ငယ်‌ ၄ လက်နဲ့ ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။