ဓာတ်ပုံ – CJ

အိုက်ပွီး၊ ဖေဖော်ဝါရီ ၂၇ ရက်

ချင်းပြည်နယ်မှာ ချင်းပြည်အစိုးရ- CC နဲ့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ- ICNCC တို့ တွေ့ဆုံပြီး နှစ်ဖက်ပေါင်းစည်းရေး ချင်းအမျိုးသားကောင်စီကို ဖွဲ့စည်းဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ နှစ်ဖွဲ့စလုံးက မနေ့ ဖေဖော်ဝါရီ ၂၆ ရက်မှာ ထုတ်ပြန်လာပါတယ်။

ချင်းပြည်သူတွေအတွက် ကောင်စီနှစ်ရပ်ရှိနေခြင်းဟာ မဖြစ်သင့်ကြောင်း နှစ်ဖက်လက်ခံယုံကြည်ကြတာနဲ့အညီ ကောင်စီအသစ်တစ်ရပ်အဖြစ် ပေါင်းစည်းဖို့ သဘောတူညီခဲ့ကြတာလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါပေမဲ့ လုပ်ငန်းစဥ်ပိုင်း၊ မူဝါဒတွေကို အသေးစိတ် ဘာမှရေးထားတာ မရှိသေးဘူးလို့ တွေ့ဆုံမှုမှာ တက်ရောက်တဲ့ ICNCC ဘက်က တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

“ချင်းအမျိုးသားကောင်စီ ဖွဲ့စည်းပြီး ဥပဒေမူကြမ်း ရေးဆွဲဖို့ သဘောတူညီမှုတော့ ရရှိပါတယ်။ ဒါပေမဲ့ မူဝါဒတွေ မရေးဆွဲရသေးဘူး။ မူကြမ်း ရေးဆွဲပြီးမှ မူချောရေးဖို့လည်း လိုအပ်ပါမယ်။ အဲဒါတွေ ရေးဖို့ကလည်း အရင်ကဟာနဲ့မတူဘဲ နှစ်ဖွဲ့စလုံး ညှိနှိုင်းပြီးမှ ရေးရမှာဖြစ်တဲ့အတွက် အတော်ကြာအုံးမှာ ဖြစ်ပါတယ်”

အခုလို နှစ်ဖွဲ့စလုံး ပြန်လည်ပေါင်းပြီး ကောင်စီအသစ် ထူထောင်တာကို လက်ခံကြိုဆိုတယ်လို့ ချင်းတက္ကသိုလ်ကျောင်းသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

“ကျနော်တို့ ချင်းပြည်မှာ ချင်းလူမျိုးတွေအတွက် အရင်က အစိုးရက နှစ်ခု ဖြစ်နေတယ်။ အဲလိုအခြေအနေမျိုးမှာ နှစ်ဖွဲ့စလုံး ပြန်ပေါင်းမယ်ဆိုတော့ အတိုင်းမသိ ကြိုဆိုလက်ခံတယ်။ ရှေ့ကဟာတွေ သင်ခန်းစာယူပြီး နောက်ထပ် အကွဲအပြဲ မဖြစ်ဖို့လည်း သေချာစနစ်တကျ ဆောင်ရွက်ရမှာပေါ့နော်။ ဒီတစ်ခါ ထပ်ကွဲသွားရင်လည်း ဒါဟာ ပြောစရာတွေ ဖြစ်လာပြီပေါ့နော်”

CC မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး- CNF/CNA အပါအဝင် CDF Matupi တပ်မဟာ(၂)၊ CDF Lautu, CDF Tongzang, CDF Zotung, CDF Hakha, CDF Thantlang, CDF Hualngoram, CDF/CDM SIYIN, PDA-Tedim, CDF KKG, CDF Mara, CDF Paletwa, CDF Zanniatram, Mindat Council တို့နဲ့ ဖွဲ့စည်းထားပါတယ်။

ICNCC က ချင်းညီနောင်ရဲ့ နိုင်ငံရေးဦးဆောင်မှုကို လုပ်ဆောင်တာဖြစ်ပြီး ချင်းညီနောင်အဖွဲ့- CB ထဲ ချင်းလက်နက်ကိုင် တော်လှန်ရေးဖြစ်တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်- CNO/CNDF, ZFU/PDF Zoland, CDF Mindat, CDF Kanpalet, CDF Matupi တပ်မဟာ(၁)၊ MTC/MDF တို့နဲ့ ဖွဲ့စည်းထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။