ဓာတ်ပုံ- Google (ပုံဟောင်း)

လွေးလာဝ်ဇာရ်၊ ဇန်နဝါရီ ၅ ရက်၊ ရပ်စောက်

ရှမ်းတောင် ရပ်စောက်မြို့ကနေ ရှမ်းမြောက်ဘက်သွားမယ့် ကားတွေကို ဗထူးစစ်တပ်ဂိတ်မှာ ပိတ်ပင်ထား‌ပေမဲ့ ညပိုင်းမှာ သိန်းဆယ်ချီ ပေးနိုင်သူကိုသာ ဖြတ်သန်းခွင့် ပေးတယ်လို့ ကားသမားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရပ်စောက်မြို့အထွက် ဗထူးတပ်အနီးရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ ရပ်စောက်ကနေ ရှမ်းမြောက်ကိုသွားမယ့် ကုန်တင်ကားနဲ့ ခရီးသည်တင်ယာဥ်တွေကို ဖြတ်သန်းခွင့် ပိတ်ပင်ထားပေမဲ့ တချို့ကားသမားဟာ သိန်း ၂၀၊ သိန်း ၄၀ ပေးပြီး ဖြတ်နေရတယ်လို့ ဆိုပါတယ်။

ကားသမားတစ်ဦးက “ကျောက်ဂူဘက် လာရင်တော့ ရတယ်။ အခုက ဗထူးမှာ အတက်တွေ အကုန်ပိတ်ထားတယ်။ ပေးမဖြတ်ဘူး။ ပေးမဖြတ်ဘူးဆိုပေမဲ့ ညရောက်ရင် ၁၂ ဘီးကားတွေ တစ်ခါဖြတ်ရင် ၆ စီး ၇ စီးလောက် ဖြတ်သွားတယ်။ ပြောရမယ်ဆိုရင် တချို့ခေါင်းဆောင်တွေက လုပ်စားနေတယ်ပေါ့” လို့ ပြောပါတယ်။

ဗထူးတပ်မှာဖြတ်တဲ့ ကားအများစုဟာ ကုန်တင်ကားနဲ့ ဓာတ်ဆီကားဖြစ်ပြီး ငွေ မပေးနိုင်တဲ့ တချို့ကားသမားက တောင်ကြီးလမ်းနဲ့ စစ်ကိုင်းဘက်က လမ်းပိုင်းကနေ သွားရတယ်လို့ အထက်ပါ ကားသမားက ဆိုပါတယ်။

“ဓာတ်ဆီကားတွေ ရေသန့်ကားတွေ အများဆုံး ဖြတ်တယ်။ တစ်စီးကို ၂၀ ကနေ ၄၀ ပေးပြီး ဖြတ်တာဆိုတော့ ရတာ‌ပေါ့။ ကျနော်တို့က မပေးနိုင်ဘူးလေ အဲလောက်တော့။ တောင်ကြီး၊ စစ်ကိုင်းလမ်း‌ေတွ ပတ်နေရတာ။ ဆိုင်ကယ်ဆိုလည်း တစ်ဂိတ်ကို ၅ ထောင် ပေးနေရတယ်။ အဆင်မပြေဘူးလေ။ မဖြတ်တာဘဲ ကောင်းတယ်” လို့ သူက ဆက်ပြောပါတယ်။

ရှမ်းတောင်ကနေ ရှမ်းမြောက်ကို သွားလို့ရတဲ့ လမ်းနှစ်ခုရှိပြီး အဲဒီလမ်းဟာ ရပ်စောက်ကနေ အင်းတော-ကျောက်ဂူ-နမ့်လန်လမ်းနဲ့ တောင်ကြီး-လဲချားလမ်းဖြစ်ပြီး ရပ်စောက်-နမ့်လန်လမ်းကို အများဆုံး အသုံးပြုကြတယ်လို့ ဆိုပါတယ်။

မှတ်ပုံတင် ကိုင်ဆောင်ထားပေမဲ့ စစ်ကောင်စီက ထုတ်ပေးတဲ့ ထောက်ခံစာ မပြနိုင်ရင် လူတစ်ဦးကို ဖြတ်သန်းခ ငွေ ၂ သိန်း ပေးပြီး ဖြတ်သန်းလို့ ရခဲ့ပေမဲ့ လက်ရှိမှာတော့ မရတော့ဘူးလို့ ဆိုပါတယ်။

အဲဒီ ဗထူးဂိတ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်ကစပြီး မကြာခဏဆိုသလို လမ်းတွေ ပိတ်ထားတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။