လွေးထွေး၊ ဇန်နဝါရီ ၅ ရက်၊ တောင်ငူ

ပဲခူးတိုင်း တောင်ငူမြို့နယ်ရှိ တောင်ငူ လေတပ်စခန်းကို Brave Warriors for Myanmar- BWM က မနေ့ ဇန်နဝါရီ ၄ ရက် မနက်အစောပိုင်း ၁၂ နာရီကျော်မှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ရဲ့ အရာရှိအပါအဝင် ၇ ဦး သေဆုံးခဲ့ပြီး အရာရှိအပါအဝင် တပ်သား ၈ ဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

စစ်ကောင်စီတပ် သေဆုံးတာအပြင် တောင်ငူ လေတပ်စခန်းရဲ့ လေယာဉ်ဂိုဒေါင်ရှိ K8 Jet Fighter ၂ စီးလည်း ရှေ့လေကာမှန် ကွဲသွားသလို ဘီးနဲ့ ရှော့ဘား ကျိုးပျက်ခဲ့ကြောင်း BWM က ပြောပါတယ်။

BWM ရဲ့ တာဝန်ရှိသူတစ်ဦးက “လွတ်လပ်ရေးနေ့ ဆိုသည့်တိုင် စစ်အာဏာရှင်အောက်မှ မလွတ်မြောက်သေးဘဲ နေ့စဉ်နှင့်အမျှ စစ်ရှုံးကောင်စီ၏ နှိပ်စက်ညှင်းပန်းမှုအောက် ဒုက္ခရောက်နေသော ပြည်သူတို့ လွတ်မြောက်ရေးအတွက် အထောက်အပံ့ ဖြစ်စေဖို့ ဒီမစ်ရှင်ကို ဖော်တာဖြစ်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် တောင်ငူ လေတပ်စခန်းဟာ နှစ်သစ်ကူးညမှာ ကရင်နီဒေသကို ဗုံးကြဲမှုအပါအဝင် နိုင်ငံတဝှမ်းမှ လူထုကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်နေတာ‌ကြောင့် တော်ငူ လေတပ်ကို BWM နဲ့အတူ မဟာမိတ်အဖွဲ့က ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ Mission 28 အဖြစ် ဖော်ဆောင်လိုက်တာလို့လည်း ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်ကလည်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို BWM နဲ့ ပူးပေါင်းတပ်က ရှော့တိုက်ဒုံး ၇ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရာရှိအပါအဝင် ၁၂ ဦး သေဆုံးခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။