ဓာတ်ပုံ – BWCI

မိုင်းရူပ၊ ဖေဖော်ဝါရီ ၂၄ ရက်

ရှမ်းတောင်မှာ ပအိုဝ်းပြည်သူ့စစ်- PNO က ကရင်နီပြည်နယ်က အရပ်သားတွေကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်း တင်နေတဲ့ Burma War Crime Investigation- BWCI အဖွဲ့က ပြောပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြုလုပ်တဲ့ BWIC ရဲ့ “မင်းတို့အသက်ပဲ လိုချင်တယ်”ဆိုတဲ့ ဆွေးနွေးပွဲမှာ BWIC ရဲ့ အစီရင်ခံစာထဲ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကနေ အောက်တိုဘာလအထိ ၈ လအတွင်း စစ်ကောင်စီ လက်အောက်ခံ PNO က ကရင်နီပြည်ရှိ အရပ်သား ၂၇ ဦးကို ဖမ်းဆီးပြီး ၅ ဦး သတ်ဖြတ်ခဲ့တယ်လို့ BWIC က ဆိုပါတယ်။

“ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ကယန်း၊ ကယားလူမျိုးတွေပါ။ ဗမာလည်း နှစ်ယောက်တော့ ပါတယ်။ အဓိက ကရင်နီ အရပ်သားတွေကို ပစ်မှတ်ထားတာပေါ့နော်” လို့ BWIC ရဲ့ ပြောရေးဆိုခွင့်ရှိသူက ရွှေဖီမြေကို ပြောပါတယ်။

PNO ရဲ့ ဖမ်းဆီးတာ ခံရတဲ့အထဲ အမျိုးသား ၂၃ ဦးနဲ့ အမျိုးသမီး ၄ ဦး ပါဝင်ကာ ၅ ဦးဟာ သတ်ဖြတ်ခံရပြီး ၈ ဦးပြန်လည် လွှတ်မြောက်လာပေမဲ့ ၉ ဦးကတော့ ပျောက်ဆုံးနေဆဲလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

“သေနတ် ထမ်းလို့ရရင် ထမ်းမယ်။ ကျနော်တို့ကို မသတ်ပါနဲ့လို့ ရှိခိုးတောင်းပန်၊ မျက်ရည်တွေနဲ့ တောင်းပန်ပေမဲ့လည်း မင်းတို့အသက်ပဲ လိုချင်တယ်။ မင်းတို့ ကယန်း၊ ကယား၊ ကယောလူမျိုးတွေ မမြင်ချင်ဘူး လို့ သူတို့(PNA) စစ်သားတွေက ပြောတယ်” လို့ ဖမ်းခံရပြီး ပြန်လွှတ်​လာသူတစ်ဦးရဲ့ ပြောပြချက်ကို အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

PNO ရဲ့ ဖမ်းဆီသတ်ဖြတ်တာ ခံရတဲ့အထဲ ကရင်နီပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို စတဲ့မြို့နယ်‌နဲ့ ရှမ်းတောင် ဆီဆိုင်၊ ဖယ်ခုံမြို့နယ်မှာ နေထိုင်သူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်တပ်နဲ့ PNO ဘက်က အရပ်သားအပေါ် ပစ်မှတ်ထား တိုက်ခိုက်တာနဲ့ လူမျိုးစုတစ်စုကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ မလုပ်ဖို့ BWIC က တိုက်တွန်းထားပါတယ်။

BWCI ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ပအိုဝ်းပြည်သူ့စစ်ဘက်ကတော့ တစ်စုံတစ်ရာ ပြန်လည် တုန့်ပြန်ထားတာ မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။