ဓာတ်ပုံ – CJ

မိုင်းရူပ၊ မေလ ၅ ရက်၊ ဟိုပန်

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ဟိုပန်မြို့ရှိ ဖောင်ဆိပ်တံတားနဲ့ ညီနောင်တံတားမှာ ဗမာလူမျိုးတွေကို ဖြတ်သန်းခွင့် ပြန်ပေးပြီလို့ မြေပြင်အခြေအနေသိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရှမ်းမြောက် လားရှိုးမြို့ကို ကိုးကန့်တပ်မတော် MNDAA က စစ်ကောင်စီထံ ပြန်လွှဲပေးစဥ် ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်ကစပြီး ကိုးကန့်ဒေသနဲ့ ဝဒေသကို ဆက်သွယ်ထားတဲ့ ဖောင်ဆိပ်တံတားနဲ့ ညီနောင်တံတားမှာ UWSA ဘက်က ဖြတ်သန်းပိတ်ပင်ထားတာ ဖြစ်ပါတယ်။

ဖြတ်သန်းသွားလာခွင့်ကို မနေ့ မေလ ၄ ရက်မှာ ပြန်လည်ခွင့်ပြုခဲ့တာဖြစ်ပြီး ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ ကွမ်းလုံ၊ ချင်းရွှေဟော်နဲ့ လောက်ကိုင်မြို့တွေမှာတော့ အထွက်ကို လူမျိုးတိုင်းခွင့်ပြုပေမယ့် အဝင်ကိုတော့ ဗမာလူမျိုးဝင်ရောက်ခွင့် ကန့်သတ်ထားတယ်လို့ ကွမ်းလုံနဲ့ ဟိုပန်မှာ ဖြတ်သန်းသွားလာနေတဲ့ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ဝဘက်ကတော့ ဖြတ်သန်းခွင့်ပေးပြီရှင့်။ ကိုးကန့်ကတော့ အဝင်ပိတ်ထားတုန်း။ အထွက်တော့ ကြိုက်တဲ့လူမျိုးထွက်ရတယ်ရှင့်” လို့ ဆိုပါတယ်။

လားရှိုးကို စစ်ကောင်စီတပ်ထံ ပြန်လည်လွှဲပြောင်းချိန် လုံခြုံရေးစိုးရိမ်ချက်ကြောင့် ဗမာလူမျိုးတွေကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်တာဖြစ်နိုင်တယ်လို့ သူမက ဆက်ပြောပါတယ်။

လားရှိုးကို စစ်ကောင်စီထံ ပြန်ပေးပြီးနောက် ကိုးကန့်တပ်ဘက်ကလည်း ၎င်းတို့ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွမ်းလုံ၊ ချင်းရွှေဟော်နဲ့ လောက်ကိုင်မြို့တွေမှာရှိတဲ့ ဗမာလူမျိုးအပါအဝင် နေထိုင်ခွင့် သက်တမ်းပြည့်သူတွေကို နေရပ်ပြန်ပို့တာတွေ ပြုလုပ်ခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။