ရွှေဖီမြေ၊ ဒီဇင်ဘာ ၃ ရက်
တအာင်းတပ်မတော် – PSLF/TNLA ရဲ့ ထိပ်တန်းခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းရဲ့ မိခင် ယာမာခံမ်ပါန်း (ယာခင်စိန်) ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
ယာမာခံမ်ပါန်း (ခ) ယာခင်စိန်က ၁၉၄၄ ခုနှစ်မှာ နမ့်ဆန်မြို့နယ်၊ မန်စပ်ကျေးရွာမှာ မေးဖွားခဲ့တာဖြစ်ပြီး လက်ရှိ အသက် ၈၂ နှစ်အရွယ်မှာ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ပါတယ်။
ယာမာခံမ်ပါန်းက အသက် ၁၈ နှစ်အရွယ်ပြည့်ချိန် ၁၉၆၁ ခုနှစ်မှာ တာထွန်းလှိုင်နဲ့ လက်ထပ်ထိန်းမြှားခဲ့ပြီး တအာင်းတော်လှန်ရေးခေါင်းဆောင် တားအိုက်ဘုန်းအပါအဝင် သား၊ သမီး ရတနာ ၁၀ ယောက် ထွန်းကားခဲ့ပါတယ်။
တအာင်းတို့ရဲ့ တော်လှန်ရေးခေါင်းဆောင်တစ်ဦး ဖြစ်မြောက်တဲ့အထိ ပြုစုပျိုးထောင်ပေးခဲ့တဲ့ ယာမာခံမ်ပါန်း ကွယ်လွန်သွားခဲ့ခြင်းအပေါ် ညီနောင်မဟာမိတ် ၂ ဖွဲ့ဖြစ်တဲ့ ရခိုင့်တပ်တော် – ULA/AA နဲ့ ကိုးကန့်တပ်မတော် – MNTJP/MNDAA တို့က ဆုတောင်းမေတ္တာပို့၊ ဝမ်းနည်းကြောင်း သဝဏ်လွှာကို မနေ့ ဒီဇင်ဘာ ၂ ရက်မှာ ပေးပို့ခဲ့ကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။