ရွှေဖီမြေ၊ အောက်တိုဘာ ၁၃
ဒီနေ့ အောက်တိုဘာ ၁၃ရက်နေ့ နေ့လည် ၁နာရီအချိန်ခန့်က တအာင်းတပ်-TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ် ကယားကြီးကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စာသင်ကျောင်းဆောင်နဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။
အဲဒီ တိုက်ခိုက်မှုမှာ ပေါင် ၂၅၀ဗုံးသီးအပါအဝင် ရောကဒ်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“အဓိကကတော့ စာသင်ကျောင်းကို ပစ်သွားတာ။ အဲမှာ ၂လုံးကျတယ်။ ရွာထဲ ၄လုံးကျတယ်။ တော်သေးတယ်။ လူတွေမထိလိုက်ဘူး။ ကျောင်းဆောင်ကော အိမ်တွေကော တော်တော်တော့ထိသွားတယ်”လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ အကြောင်းမဲ့တိုက်ခိုက်မှုဖြစ်ပြီး ရွာထဲမှာ ဘယ်အဖွဲ့အစည်းမှ မရှိသလို တိုက်ပွဲနဲ့လည်း သက်ဆိုင်ခြင်းမရှိတဲ့ ကျေးရွာ ဖြစ်ပါတယ်။
၂ ပတ်နီးပါးအတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွှေဖီမြေက ရရှိထားတဲ့ စာရင်းအရ TNLA ထိန်းချုပ်ဒေသမှာ သေဆုံးသူ ကလေး (၄) ဦး အပါအဝင် (၃၁) ဦး သေဆုံးခဲ့ပြီး ကလေး (၉) ဦး အပါအဝင် (၂၈) ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။