ဓာတ်ပုံ – PSLF/TNLA

ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁၅ ရက်

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ တအာင်းတပ်မတော်- PSLF/TNLA တို့အကြား အပစ်ရပ်ရေးအတွက် မနက်ဖြန် ဖေဖော်ဝါရီ ၁၆ ရက်ကစပြီး ဆွေးနွေးပွဲ စတင်မယ်လို့ PSLF/TNLA က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။

PSLF/TNLA ဒုဥက္ကဌ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားနဲ့ မဟာမိတ် ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်းအပါအဝင် ကိုယ်စားလှယ် ၉ ဦးဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ တရုတ်နိုင်ငံ ကူမင်းမြို့သို့ ရောက်ရှိနေပြီလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲ ကိုးကန့်တပ်မတော်- MNDAA နဲ့ ဆွေးနွေးခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့အဖွဲ့ တက်ရောက်မှာ ဖြစ်ပါတယ်။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ လက်ရှိ စစ်ရေး ပြဿနာတွေကို ဖြေလည်ဖို့ ဆွေးနွေးသွားမယ်လို့ TNLA က ထုတ်ပြန်ထားပြီး ဆွေးနွေးမှု အသေးစိတ်ကိုတော့ ဖော်ပြမထားပါဘူး။

TNLA ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း မန္တ လေးတိုင်း မိုးကုတ်မြို့အပါအဝင် ရှမ်းမြောက်ရှိ မြို့ ၁၂ မြို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းရွာမှာတော့ စစ်တပ်နဲ့ TNLA တို့အကြား လက်ရှိအချိန်ထိ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်မှာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ MNDAA တို့ တရုတ်နိုင်ငံမှာ ၂ ရက်ကြာ ဆွေးနွေးခဲ့ပြီး အပစ်ရပ်ဖို့ သဘောတူညီခဲ့ကြောင်း တရုတ်က ကြေညာပေးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။