မြတ်နိုး၊ မေ ၂၄၊ ဝိုင်းမော်

ကချင်ပြည်နယ်၊ ဝိုင်းမော် လုမြန်ရွာ အနီးဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကချင်တပ်မတော်-KIA ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တို့ မနေ့ မေလ ၂၃ ရက်နေ့ မနက်အစောပိုင်းက တိုက်ပွဲပြန်လည်ပြင်းထန်ခဲ့ကြောင်း ရှေ့တန်း သတင်းရင်းမြစ်နဲ့ ဒေသခံတွေဆီက သိရပါတယ်။

“စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာလို့ ကျွန်တော်တို့ ပြန်လည် ခုခံတိုက်ခိုက်တာ။ အခု ပြန်လှည့်သွားပြီ။ စစ်ကောင်စီဘက်က အကြိမ်ကြိမ် ထိုးစစ်ဆင်ခဲ့တာ ရှိတယ်။ အခုတော့ အားလုံး အဆင်ပြေပါပြီ”လို့ KIA နဲ့ ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့ရဲ့ ရှေ့တန်း သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

မြစ်ကြီးနားကနေ ဝိုင်းမော်ဘက်ကို စစ်ကောင်စီတပ်ဘက်က ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်နေတယ်လို့ သူက ပြောပါတယ်။

လုမြန်ရွာ အနီးက ဒေသခံတွေကလည်း မေလ ၂၃ ရက်နေ့ မနက် ၄ နာရီ ဝန်းကျင်ခန့်ကစ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့တွင်း ဖြတ်သွား၊ ဖြတ်လာကို စစ်ကောင်စီတွေက စစ်ဆေးရေး တင်းကြပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မေလ ၂၀ ရက်နေ့ည မြစ်ကြီးနား တပ်ကုန်း လမ်းပေါ် လူငယ် ၃ ယောက်ကို စစ်ကောင်စီတွေ တားတာ။ အဲဒီအချိန် အဲဒီ လူငယ်တွေက စစ်ကောင်စီတွေရဲ့ သေနတ် လုယူပြီး စစ်ကောင်စီ တယောက်ကို ပစ်သတ်ခဲ့လိုက်ပြီးတော့ ထွက်ပြေး လွတ်မြောက်သွားကြတာ။ အဲဒါကြောင့် စစ်ကောင်စီတွေ မြို့ထဲ ဖြတ်သွားဖြတ်လာတွေကို စစ်ဆေးနေတာ။” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ဒီရက်ပိုင်း မြစ်ကြီးနားမြို့ပေါ်မှာ စစ်ကောင်စီတွေက ဖြတ်သွား ဖြတ်လာ ‌ပြည်သူတွေကို လမ်းဆုံလမ်းခွတိုင်း စောင့်ကြပ်ကာ Wifi စက်တွေ ယူလာပြီး စစ်ဆေးနေသလို ဖားကန့် – ဝှေခါလမ်းကနေ မြစ်ကြီးနားဘက် အဆင်းလမ်း ဒေသအခေါ် နမ်‌မောန်နဲ့ နောင်းအိန် ဝန်းကျင်မှာလည်း မေလ ၂၂ ရက်နေ့က ခရီးသွားတချို့ကို ရှမ်းနီ ပြည်သူ့စစ်တွေက ဖုန်းတွေပါ စစ်တယ်လို့ ဆိုပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။