ဓာတ်ပုံ – Local

မြတ်နိုး၊ မေ ၂၂၊ ဖားကန့်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ဘက်ကနေ ၅ မိုင်၊ ၆ မိုင်ဘက် အင်အားဖြည့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ နဲ့ KIA ပူးပါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံတွဆီက သိရပါတယ်။

“လုံးခင်း၊ လယ်ပြင်ကနေ ၅ မိုင်၊ ၆ မိုင်ဘက် အင်ကြားဖြည့် စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို KIA နဲ့ ပူးပါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ကြားကနေ ဖြတ်ချနေတယ်” လို့ ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ဒီနေ့ မေလ ၂၂ ရက်နေ့ မနက် ၉ နာရီ လောက်ကစပြီး တိုက်ပွဲဖြစ်ပွါးနေတာလို့ သူက ပြောပါတယ်။

“ဒီလုံးခင်းကနေ လက်နက်ကြီးသံကြားနေတာ ၂ ရက်လောက်ရှိပြီ။ လယ်ပြင်မှာတော့ မဟုတ်ဘူး။ လုံးခင်းနဲ့ လယ်ပြင်က နီးနီးလးပဲ။” လို့ တိုက်ပွဲအနီးရှိ ဒေသခံ တစ်ဦးက ပြောပါတယ်။

မနေ့က ဖားကန့်လမ်းဘက် စစ်ကြောင်းထိုးလာနေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေက ပျားအုံဘက် ထွက်ပေါ်လာလို့ KIA ပူးပါင်းတပ်ဖွဲ့နဲ့ အဲဒီ ပျားအုံရွာအနီးဝန်းကျင်အနီးမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့လည်း ဗုံးတွေ လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ခြေလျင်ထက် ဒရုန်းနဲ့ လေကြောင်းကို အဓိကသုံးပြီး စစ်ကြောင်း ပြန်ထိုးလာတာဖြစ်တယ်လို့ ဆိုပါတယ်။

မနေ့ မေလ ၂၁ ရက်နေ့ မှာပဲ ဖားကန့်ဘက် စစ်ကြောင်း ၂ ကြောင်းနဲ့ ချီတက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ လဝါး – ကာမိုင်း -နန့်ယား – ဖားကန့်လမ်းပိုင်းရှိ တံတားညီနောင် ထိရောက်ရှိလာပြီး အဲဒီ တံတားညီနောင်မှာ KIA နဲ့ ပူး‌ပေါင်းတပ်ဖွဲ့တွေက ထပ်မံပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲက နေ့တိုင်းပြင်းထန်နေကာ လက်ရှိ စစ်ကောင်စီတပ်တွေက တံတားညီနောင်ကိုကျော်လာပြီလို့ ဆိုပါတယ်။

KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ လဝါး – ကာမိုင်း – နန့်ယား – ဖားကန့်လမ်းပိုင်းနဲ့ အင်းတော်ကြီး – ဖားကန့်လမ်းပိုင်း ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ရန် ပြည်သူ့စစ် ပူးပါင်း အင်အား ၆၀၀ ခန့်က ဖားကန့်ဘက် စစ်ကြောင်းထိုးနေတာ ၁ လ နီးပါး ရှိနေပြီ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။