မိုင်းရူပ၊ ဧပြီ ၇ ရက်၊ သပိတ်ကျင်း

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်က ၇ မိုင်ကျေးရွာမှာ တအာင်းတပ်မတော် TNLA၊ မိုးကုတ်ဗျူဟာ၊ မန္တလေး PDF ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။

၇ မိုင်ကျေးရွာမှာ ဒီရက်ပိုင်းအတွင်း နေ့စဥ်လိုလို တိုက်ပွဲတွေ ပြင်းထန်နေပြီး မနေ့ ဧပြီ ၆ ရက် တိုက်ပွဲမှာ မိုးကုတ်ဗျူဟာ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့တယ်လို့ ၇ မိုင်တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ တော်လှန်ရေး ရဲဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

” ဒီနေ့ (ဧပြီ ၇ ရက်) မနက် ၅ နာရီ ကတည်းက တိုက်ပွဲဖြစ်နေတာ။ မနေ့က မိုးကုတ်ဗျူဟာ ၁ ယောက်ကျတယ်။ ဒီနေ့က TNLA၊ မိုးကုတ်ဗျူဟာ၊ မန္တလေး PDF ရော လက်လွတ်ရတဲ့ နေရာတွေကို ထိုးစစ်ပြန်လုပ်တာ” လို့ ဆိုပါတယ်။

၇ မိုင်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်ကလည်း ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက် အတိအကျကိုတော့ မသိရသေးဘဲ စစ်ကောင်စီတပ်ဘက်က လေကြာင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေပါတယ်။

ရှမ်းမြောက် မိုးမိတ်နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ကို တအာင်းတပ်မတော် TNLA သိမ်းပိုက်ပြီးနောက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ၇ မိုင်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ သွားရောက်ပူးပေါင်းနေတာ ဖြစ်ပါတယ်။

သပိတ်ကျင်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ် ၃၀ ရက်မှာ တော်လှန်ရေး အင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ ၇ မိုင်တပ်စခန်း၊ ကျောက်ကြီးတပ်စခန်းနဲ့ တန်းမြင့်လေ့ကျင်းရေးကျောင်း အမှတ် (၁၃) တပ်တို့ ကျန်ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့ ယာယီအပစ်ရပ်စဲကြောင်း ထုတ်ပြောကြပေမယ့် နှစ်ဖက်အပြန်အလှန် တိုက်ခိုက်မှုတွေတော့ ဆက်ရှိနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။