ဓာတ်ပုံ- BWM

လွေးထွေး၊ ဇန်နဝါရီ ၂၀ ရက်၊ ဆိပ်ဖြူ

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ ဗုံးသီးတွေ ထုတ်လုပ်တဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ(၂၁) စက်ရုံကို Brave Warriors for Myanmar- BWM က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အရာရှိအပါအဝင် ၉ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

ဇန်နဝါရီ ၁၈ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ စစ်တပ်ရဲ့ လေတပ်သုံး ဗုံး‌တွေ ထုတ်လုပ်တဲ့ ကပစ(၂၁)ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးနဲ့ BWM က ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

BWM ရဲ့ တာဝန်ရှိသူတစ်ဦးက “အဲနေရာက နိုင်ငံတစ်ဝှမ်းက လူထုတွေကို ဗုံးကြဲတဲ့နေရာမှာ အသုံးပြုတဲ့ ပေါင် ၂၅၀၊ ပေါင် ၅၀၀ ဗုံးသီးနဲ့ Cluster ဗုံးသီးတွေကို အဓိက ထုတ်လုပ်ပေးတာဖြစ်တယ်” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို BWM အဖွဲ့က ဦးဆောင်ပြီး Eagle Brigade (ANyar Eagle)အဖွဲ့၊ No More Dictatorship- NMD အဖွဲ့၊ Shadow (Mandalay)အဖွဲ့နဲ့ ဒေသခံတော်လှန်ရေး အင်အားစုတွေ ပူးပေါင်းဖော်ဆောင်ခဲ့တာလို့လည်း ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်ကလည်း BWM က အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခဲ့လို့ ဗိုလ်ကြီးအပါအဝင် ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့သလို ဒုစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စိုးဝင်းက ညစာစားပွဲ တက်ရောက်ခဲ့တဲ့ ကရင်နီပြည် ခန်းမထဲကိုလည်း ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။