ဓာတ်ပုံ- BWM

လွေးထွေး၊ ဇန်နဝါရီ ၂၀ ရက်၊ ဆိပ်ဖြူ

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ ဗုံးသီးတွေ ထုတ်လုပ်တဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ(၂၁) စက်ရုံကို Brave Warriors for Myanmar- BWM က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အရာရှိအပါအဝင် ၉ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

ဇန်နဝါရီ ၁၈ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ စစ်တပ်ရဲ့ လေတပ်သုံး ဗုံး‌တွေ ထုတ်လုပ်တဲ့ ကပစ(၂၁)ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးနဲ့ BWM က ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

BWM ရဲ့ တာဝန်ရှိသူတစ်ဦးက “အဲနေရာက နိုင်ငံတစ်ဝှမ်းက လူထုတွေကို ဗုံးကြဲတဲ့နေရာမှာ အသုံးပြုတဲ့ ပေါင် ၂၅၀၊ ပေါင် ၅၀၀ ဗုံးသီးနဲ့ Cluster ဗုံးသီးတွေကို အဓိက ထုတ်လုပ်ပေးတာဖြစ်တယ်” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို BWM အဖွဲ့က ဦးဆောင်ပြီး Eagle Brigade (ANyar Eagle)အဖွဲ့၊ No More Dictatorship- NMD အဖွဲ့၊ Shadow (Mandalay)အဖွဲ့နဲ့ ဒေသခံတော်လှန်ရေး အင်အားစုတွေ ပူးပေါင်းဖော်ဆောင်ခဲ့တာလို့လည်း ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်ကလည်း BWM က အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခဲ့လို့ ဗိုလ်ကြီးအပါအဝင် ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့သလို ဒုစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စိုးဝင်းက ညစာစားပွဲ တက်ရောက်ခဲ့တဲ့ ကရင်နီပြည် ခန်းမထဲကိုလည်း ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။