ဓာတ်ပုံ – Local

ယာရူစိင်၊ ဖေဖော်ဝါရီ ၂၈ ရက်၊ နမ့်လန်

ရှမ်းမြောက် သီပေါမြို့နယ် နမ့်လန်မြို့မှာရှိတဲ့ စစ်ကောင်စီဂိတ်တွေမှာ တအာင်းလူမျိုးတွေကို အဓိက ပစ်မှတ်ထားပြီ ဖမ်းဆီးစစ်ဆေးကာ ငွေ အဆမတန် တောင်းနေကြောင်း ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကလည်း လင်မယား ၂ ဦးဟာ နမ္မတူမြို့မှာရှိတဲ့ သမီးဖြစ်သူဆီ အလည် လာနေချိန် နမ့်လန်မြို့မှာရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“သူတို့ရဲ့သမီးက သူများဆီမှာ အလုပ် လုပ်တာလေ။ ၅ နှစ်လောက် ရှိပြီ သူတို့ မတွေ့ဖြစ်တာ ဒါကြောင့် အလည်လာတာပေါ့။ သူတို့နှစ်ယောက်လုံးလည်း တအာင်းလူမျိုးတွေပါ။ ဗမာစကား သိပ်မတတ်တော့လေ။ သူတို့နဲ့ ညှိနှိုင်းတာ အဆင်မပြေဘူး။ ဖမ်းထားလိုက်တယ်။ ပြီးတော့ ပိုက်ဆံတောင်းတော့ ပေးလိုက်ရတယ်”

အဲဒီလင်မယား ၂ ဦးဟာ စစ်တပ်ကို တစ်ဦးလျှင် ငွေ ၃ သိန်း ပေးခဲ့ရပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်မှာ ပြန်လွှတ်လာတာလို့ ဆိုပါတယ်။

နောက်ထပ် သတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက “တစ်ကယ်ဆို နမ့်လန်မှာ ဖမ်းခံရတဲ့ တအာင်းလူငယ်တွေ မနည်းတော့ပါဘူးဗျ။ စစ်တပ်က ဖမ်းတယ် ပြီးရင် ငွေ အများကြီး တောင်းတယ်။ ပြီးမှပဲ ပြန်လွှတ်ပေးတယ်။ တခြားလူမျိုးတွေကျ စစ်ဆေးရေး မတင်းကြပ်ဘူး။ ၁၃/ လူထုတွေထဲက တအာင်းလူမျိုးတွေကိုဘဲ အဓိက စစ်ဆေးရေး ပိုတင်းကြပ်တယ်ဗျ” လို့ ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်က လောက်ကိုင်မြို့ဘက် အလုပ်လုပ်ဖို့ သွားတဲ့ တအာင်းလူငယ် ၃ ဦးဟာ နမ့်လန်မြို့မှာ ရှိတဲ့ စစ်တပ်ဂိတ်တစ်ခုမှာ ဖမ်းဆီးခံရပြီး တစ်ဦးကို ငွေ ၄ သိန်း ပေးပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြန်လွှတ်ပေးခဲ့ဖူးပါတယ်။

နမ့်လန်မြို့ကို စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပြီး သီပေါမြို့ကိုတော့ တအာင်းတပ်က ၂ လကျော်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် ၂၀၂၄ အောက်တိုဘာ ၁၃ ရက်မှာ မြို့ကို ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။