ဓာတ်ပုံ – Local

ယာရူစိင်၊ ဖေဖော်ဝါရီ ၂၄ ရက်၊ နမ့်လန်

ရှမ်းမြောက် သီပေါမြို့နယ် နမ့်လန်မြို့မှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ်ခုမှာ တအာင်းလူငယ် ၃ ဦးကို ဖမ်းဆီးကာ တစ်ဦးကို ငွေ ၄ သိန်း တောင်းပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။

ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်က လောက်ကိုင်မြို့ဘက် အလုပ် သွားလုပ်ဖို့အတွက် နေရပ်ကနေ နမ့်လန်မြို့ဘက် သွားနေချိန်မှာ ဖမ်းဆီးခံခဲ့ရကြောင်း ကိုယ်တိုင်ကြုံ‌တွေ့ခဲ့ရသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“စစ်တပ်ဂိတ် ရောက်တော့ သူတို့က အရမ်းရစ်တယ် ရှင်းပြခွင့်လည်း မပေးဘူး။ တစ်ခါတည်း ကျနော်တို့ကို ဖမ်းထားပြီး ပြန်လွှတ်ချင်ရင် ပိုက်ဆံပေးရမယ့်ပုံစံမျိုးနဲ့ ကျနော်တို့ကို ပြောတယ်ပေါ့။ တအာင်းလူမျိုး ဖြစ်နေလို့ ဖမ်းတာလား မသိဘူးဗျ။ ပိုက်ဆံ တောင်းတာက တစ်ယောက်ကို ၄ သိန်းဆိုတာ နည်းတာမှ မဟုတ်တာဗျ။ အိမ်က အဆင်မပြေလို့ အလုပ် လုပ်ဖို့ သွားတာလေ သူတို့ လုပ်ရပ်က အတော်လေး ရွံစရာကောင်းတယ်”

စစ်တပ်က တောင်းတဲ့ ငွေပမာဏကို ပေးဆောင်ပြီးနောက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

နမ့်လန်မြို့မှာရှိတဲ့ စစ်တပ်ဂိတ်ဟာ ခရီးသွားလာသူထဲက တအာင်းလူထုတွေကိုသာ စစ်ဆေးရေး ပိုတင်းကြပ်နေကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

နမ့်လန်မြို့ကို စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပြီး သီပေါမြို့ကိုတော့ တအာင်းတပ်က ၂ လကျော်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် ၂၀၂၄ အောက်တိုဘာ ၁၃ ရက်မှာ မြို့ကို တအာင်းတပ်က ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။