ဒီဇင်ဘာ ၂၈၊ ရွှေဖီမြေ

မနေ့ ဒီဇင်ဘာ ၂၇ရက်နေ့ နေ့လည်ပိုင်း ၁နာရီ ဝန်းကျင် ခင်ဦးမြို့နယ် အရှေ့ဘက်ခြမ်း၊ မြေနီလျှိုကျေးရွာအနီးကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၁စီးနဲ့ MI 35 ၁စီးတို့နဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၉ဦးထက်မနည်းသေဆုံးပြီး ၁၀ဦးနဲ့အထက်က ဒဏ်ရာရရှိခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အဲဒီဗုံးကြဲခံရတဲ့နေရာဟာ Starlink ဆိုင်၊ ထမင်း/စားဖွယ်စုံဆိုင်နဲ့ဆိုင်ခန်းတွေများစွာရှိတဲ့နေရာဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုကြောင့် ရပ်နားထားတဲ့ ကုန်ကားနဲ့ဆီဘောက်ဆာကားနေရာတွေကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီဗုံးကြဲမှုကြောင့် လူသေဆုံးမှုအပြင် ကုန်ကား ၉စီးခန့်နဲ့ ဆိုင်ခန်းတွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒါကြောင့် အရပ်သားပစ်မှတ်နဲ့စစ်ရေးပစ်မှတ်ကို ခွဲခြားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ဖို့ သတိထားနေထိုင်ကြဖို့လည်း ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးက သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ရက်ကလည်း ခင်ဦးမြို့နယ် ဗျူဟာလမ်းပိုင်းမှာ ကားပိတ်ဆို့တဲ့နေရာကို ဂျက်ဖိုက်တာ ၄စီး၊ ဂျိုင်ရိုကော်ပတာ ၃စီးတို့နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁ဦး မီးလောင်သေဆုံးပြီး ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။