ဓာတ်ပုံ- CJ

မိုင်းရူပ၊ မတ်လ ၂၈ ရက်၊ နန်းပန်

ရှမ်းတောင် ညောင်ရွှေမြို့နယ် နန်းပန်မြို့မှာ ငလျင်ဘေးကြောင့် သေဆုံးသူ ၂၅ ဦးထက်မနည်း ရှိနိုင်တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ငလျင်ဒဏ်ကြောင့် သေဆုံးသူရဲ့ အလောင်းတွေကို ဆက်လက် ရှာဖွေနေပြီး ဒီနေ့ မတ်လ ၂၈ ရက် ညနေ ၄ နာရီခွဲအထိ ရရှိထားတဲ့ စာရင်းအရ သေဆုံးသူ ၂၅ ဦး ရှိတယ်လို့ ဆိုပါတယ်။

“လူက အခုလောလောဆယ် ၂၅ ယောက်‌လောက် သေတယ်။ အိမ်တွေတော့ တော်တော်များများ ပြိုကုန်တယ်။ ဆေးရုံကိုလည်း ထပ်ရောက်လာသေးတယ်” လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ငလျင်ဒဏ်ကြောင့် နေအိမ် အများစုလည်း ပျက်စီးခဲ့ပြီး သေဆုံးသူတွေရဲ့ အရေအတွက်လည်း ထပ်တိုးလာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီနေ့ နေ့လယ် ၁ နာရီဝန်းကျင်ကစပြီး နိုင်ငံတဝန်းမှာ ငလျင်လှုတ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အဆောက်အဦး ပြိုကျပျက်စီးမှုအပြင် သေဆုံးသူလည်း များနေပြီး အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးပေ။

ငလျင်ကြောင့် ထိခိုက်မှုများတဲ့ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးတိုင်းနဲ့ ရှမ်း​ပြည်နယ် အရှေ့မြောက်ဒေသအပြင် နေပြည်တော်ကောင်စီနယ်မြေတွေကို စစ်ကောင်စီရဲ့ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။