ဓာတ်ပုံ- Kawlin info

မိုင်းရူပ၊ ဧပြီ ၉ ရက်၊ ဝန်းသို

စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် နမ်းခမ်းရွာ (ဂျိုးတောင်နမ်းခမ်း)ကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်အပါအဝင် ၂၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ဒီနေ့ ဧပြီ ၉ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာ နမ်းခမ်းရွာကို ဂျက်လေယာဥ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ည ၆ နာရီဝန်းကျင်မှာ ဂျက်လေယာဥ်နဲ့ ၁ ကြိမ် ဗုံး ထပ်ကြဲခဲ့တာပဲ ဖြစ်ပါတယ်။

“အခုလောလောဆယ်တော့ ၂၄ ဦး စာရင်း သိရပြီဗျ။ ရှာဖွေပြီးတော့ အတည်ပြုနေဆဲပါ။ ဒဏ်ရာရသူကတော့ အများအပြားပဲ လောလောဆယ် သေဆုံးပဲ ဆက်လက်လုပ်ဆောင်နေရတယ်” လို့ မြေပြင်သတင်း ရရှိထားတဲ့ Kawlin info ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူရဲ့ အရေအတွက် ထပ်တိုးလာနိုင်ပြီး ဒဏ်ရာ ရသူတွေလည်း အများစု ရှိနေပြီးတော့ အရေအတွက် အတိအကျ မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

စစ်ကိုင်းတိုင်းအပါအဝင် နိုင်ငံတဝန်းမှာ ငလျင် လှုပ်ခတ်မှုကြောင့် လူ ထောင်နဲ့ချီသေဆုံးခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတွေ အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရတာပဲ ဖြစ်ပါတယ်။

စစ်တပ်ဟာ ဧပြီ ၂ ရက်ကနေ ဧပြီ ၂၂ ရက်အထိ ၃ ပတ်ကြာ အပစ်ရပ်မယ်လို့ ကြေညာထားပေမဲ့ တော်လှန်ရေး အင်အားစုတွေထိန်းချုပ်ဒေသကို လေကြောင်းနဲ့ တိုက်ခိုက်တာ ထိုးစစ်ဆင်တာတွေ ပြုလုပ်နေပါတယ်။

ဝန်းသိုမြို့နယ် နမ်းခမ်းရွာကို လေကြောင်းအသုံးပြုကာ တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး စစ်တပ်ဘက်က တစ်စုံတစ်ရာ တုန့်ပြန်ထားတာ မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။