ဓာတ်ပုံ- ဒူရက စစ်ကြောင်း

ရွှေဖီမြေ၊ ဩဂုတ် ၂၅ ရက်၊ ထားဝယ်

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် သင်္ကန်းတုန်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တတိယအကြိမ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒူရကစစ်ကြောင်းက မနေ့ ဩဂုတ် ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၂၁ ရက် မနက် ၅ နာရီမှာ ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာ ရသူလည်း ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ဆီကနေ MA-1 ၂ လက်၊ ‌ကျည်ဘောက် ၁၂ ခု၊ အီနာဂါ ၅ လုံး၊ လက်ပစ်ဗုံး ၅ လုံးနဲ့ စစ်အသုံးဆောင်ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တဲ့အပြင် တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း တစ်ဦး ကျဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲကို ထားဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော်- DNLA ရဲ့ ဒူရကစစ်ကြောင်း၊ ထားဝယ် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့- TPLF၊ ဧဒင်မှူး၊ ကျားသစ်နက်၊ ဘီးလုံးပြောက်ကျားတပ်ဖွဲ့၊ ဒေါနတပ်ခွဲ ၇၊ ထားဝယ် အရှေ့တောတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေး အရှိန်အဟုန် တိုးမြင့်စွာ ပြုလုပ်နေချိန်ဖြစ်ပြီး စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုဟာလည်း အချိန်မရွေး ပြုလုပ်နေတာကြောင့် လူထုတွေအနေနဲ့ စစ်ရေးသတိရှိစွာ နေထိုင်ကြဖို့ အသိပေးထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။