ဓာတ်ပုံ – KNU

ရဲမာန်၊ ဩဂုတ် ၂၆ ရက်

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့က‌နေ လေညာမြို့ဘက်သို့ ‌ဦးတည်တက်လာတဲ့ စစ်တပ်ယာဥ်တန်း ၃ စီးကို တော်လှန်ရေးတပ်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က မနေ့ ဩဂုတ်လ ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မနေ့ ဩဂုတ်လ ၂၅ ရက် နေ့လယ် ၁၂ နာရီကျော်မှာ လေညာမြို့ဘက်ကို ဦးတည်တက်လာတဲ့ စစ်တပ်ယာဥ်တန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA မှ တောင်ယွန်းကျေးရွာအနီးမှာ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၂၀ ဦးထက်မနည်း‌ သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “နယ်စပ်တစ်‌ကြောမှာ ကျနော်တို့ တပ်မဟာ ၄ ပြန်ပြီး‌သိမ်းယူတာ ကုန်သလောက်ရှိပြီ။ နတ်အိမ်တောင် တဝိုက်လေးဘဲ ကျန်တာ။ နယ်စပ်ကုန်သွယ်ရေးဇုန်ရှိတဲ့ နေရာတွေက ကျနော်တို့ လက်ထဲပြန်ရောက်လာတဲ့အခါ အဲဒါကို ရဖို့အတွက် ပြန်လုံးပမ်းပြီး တစ်ဖက်ကနေ ပြန်ပြီး ထိုးစစ်ဆင်နေတာဟာ ခဏခဏပါဘဲ” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်က အထိနာသွားပြီး ဘုတ်ပြင်းမြို့ဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ရပြီး တိုက်ခိုက်မှုအတွင်း တော်လှန်ရေးဘက်က ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ ထားဝယ်မြို့ကနေ မေတ္တာမြို့ဘက်ကို စစ်ကြောင်းထိုးလာခဲ့တဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်မှ တိုက်ခိုက်ခဲ့ရာ ၂၀ ဦး သေဆုံးပြီး ထောက်ပို့ကား ၈ စီးကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဓရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။