ဓာတ်ပုံ- CJ

မိုင်းရူပ၊ ဧပြီ ၁၈ ရက်၊ စဥ့်ကူး

တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်မှာ လေယာဥ်နဲ့ ဗုံးဆက်တိုက်ကြဲနေပြီး သပိတ်ကျင်းမြို့နယ် လိပ်ကျရွာ ဗုံးကြဲတိုက်ခိုက်ခဲ့ရမှုမှာ ကလေးငယ်အပါအဝင် အရပ်သား ၁၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ ဧပြီ ၁၈ ရက် မနက်ပိုင်းမှာ လိပ်ကျရွာကို ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကလေးအပါအဝင် အရပ်သား ၁၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“လိပ်ကျ ကြဲသွားတာက တော်တော်လေး ထိတယ်။ ၁၃ ယောက် သေတယ်။ ကျည်တောက်ပေါက် ကြဲသွားသေးတယ်” လို့ မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ညနေပိုင်းမှာ သပိတ်ကျင်းမြို့နယ်ထဲက ရွာတစ်ရွာကို ဗုံး ထပ်မံ ကြဲချတိုက်ခိုက်ခဲ့ရာ ဒဏ်ရာရသူ ၃ ဦး ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ဒီနေ့ နေ့လယ် ၃ နာရီဝန်းကျင်က စဥ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာ စာသင်ကျောင်းကို ဗုံးကြဲချခဲ့ရာ ဒဏ်ရာရသူ ၆ ဦးနဲ့ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အပစ်ရပ်ထားတဲ့ စစ်ကောင်စီဟာ နေ့စဥ်လိုလို လေကြောင်း တိုက်ခိုက်မှု ဆက်လက် လုပ်ဆောင်နေပြီး အရပ်သား သေဆုံးမှုလည်း ဆက်လက် တိုးလာနေပါတယ်။

မနေ့ ဧပြီ ၁၇ ရက် နှစ်သစ်ကူးနေ့မှာလည်း တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ အရှေ့ပိုင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်တပ်ဘက်ကတော့ အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်း အသုံးပြုကာ တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ တစ်စုံတစ်ရာ တုန့်ပြန်ထားတာ မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။