ဓာတ်ပုံ – CJ

မိုင်းအရှိုင်း၊ ဩဂုတ် ၁၀ ရက်၊ သပိတ်ကျင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် လမ်းလက်ကျစ်ကျေးရွာက နာရေးလုပ်နေတဲ့အိမ်ကို စစ်ကောင်စီတပ်က ဗုံသီးတစ်လုံးပါတဲ့အသေခံဒရုံးတစ်စင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၀ ထက်မနည်း ပွဲချင်းပြီး သေဆုံးသွားခဲ့ကာ အများအပြား ဒဏ်ရာရှိသွားခဲ့တယ်လို့ သိရပါတယ်။

ဒရုံးနဲ့တိုက်ခိုက်မှုက ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက် မနက်ပိုင်း ၈ နာရီဝန်းကျင်မှာ ဖြစ်ပွါးခဲ့တာဖြစ်ပြီးနောက် ၈ နာရီခွဲမှာလည်း တံတားဦးကနေဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ နှစ်လုံး ထပ်မံကြဲချသွားခဲ့တယ်လို့ နယ်မြေအတွင်း လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

သူက “ကြဲသွားတာက နာရေးလုပ်နေတဲ့အိမ်ဗျ။ အဲမှာလူတွေလည်း စည်ကားနေတဲ့အချိန်ပေါ့။ စစ်တပ်က တည့်တည့်ကြဲသွားတာ။ ပွဲချင်းပြီးသေဆုံးသွားတာက ၁၀ ဦးရှိတယ်။ စိုးရိမ်ရတဲ့လူတွေလည်း အများကြီးရှိတယ်။ သတင်းမှာပါတဲ့အတိုင်း ၄၀ လောက် ဒဏ်ရာရတယ်။” လို့ ဆိုပါတယ်။

အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၆ လုံးလည်း ထိခိုက်ပျက်စီးသွားတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်နဲ့ ဩဂုတ်၂ ရက် မှာလည်း သပိတ်ကျင်းထဲက ချောင်စကြီးကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ကလေးအပါအဝင် ၈ ဦးသေဆုံးသွားခဲ့ပါတယ်။

ဩဂုတ်လအစပိုင်းကနေ ဒီနေ့အထိ ၁၀ ရက်အတွင်း စစ်ကောင်စီတပ်က သပိတ်ကျင်းမြို့နယ်ထဲက ကျေးရွာတွေကို အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂၀ ခန့် သေဆုံးသွားခဲ့ပြီး ၄၀ ဝန်းကျင် ဒဏ်ရာရရှိသွားခဲ့ပြီး ဖြစ်ပါတယ်။

မနေ့ ဩဂုတ် ၉ ရက် ညနေပိုင်း ၆ နာရီခွဲမှာ တအာင်းတပ် – TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကိုလည်း ကြောင်ကနေ ဗုံးကြဲခဲ့တာကြောင့် ကိုရင်​တစ်ပါးအပါ လူ ၅ ယောက် သေဆုံးသွားခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။